မိုင်းရှူးမြို့ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ် (၁၀၀) ပြည့် ပွဲတော်အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / May 02, 2023
image_latest


နေပြည်တော် မေ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့ ဟံသာမုနိဘုရားကြီးကျောင်းရှိ ဟံသာမုနိမာရဇိန် ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ် (၁၀၀) ပြည့် ပွဲတော်အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးကျောင်း၌ကျင်းပရာ နိုင်ငံတော်သြဝါဒါ စရိယ ရှမ်းပြည်နယ် လွိုင်လင်မြို့ သာသနာဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပညာနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဟံသာမုနိ မာရဇိန်ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်သြဝါဒါ စရိယ ရှမ်းပြည်နယ် လွိုင်လင်မြို့ သာသနာဝိပုလဓာတ်တော် ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန် ဘုရားကြီး နှစ် (၁၀၀) ပြည့် ပွဲတော်အထိမ်း အမှတ်မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သံဃာတော်များက “ဇယန္တော ဗောဓိယာ မူလေ” ဇယမင်္ဂလာ အောင်ဂါထာတော်အား (၃) ကြိမ် ရွတ်ဆိုကာ မုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

ယင်းနောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၁၀၀)ပြည့် ပွဲတော်အထိမ်း အမှတ်အဖြစ် ဗုဒ္ဓဝင်ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဗုဒ္ဓဝင်ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။

ဆက်လက်၍ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ် (၁၀၀) ပြည့်ပွဲတော်ရေစက်ချ အလှူတော်မင်္ဂလာကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ ရှမ်းပြည်နယ် လွိုင်လင်မြို့ သာသနာဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ပြီး သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော်များကို နာယူကြကာ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန် ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော် ဖြစ်မြောက်ရေးအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှု စာရင်းများကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားလျှောက်ထားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေကြကာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီးအား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် လိုအပ်သည့်သာသနိက အဆောက်အဦများ ဆောက်လုပ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ အနယ် နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၏ ဗုဒ္ဓသာသနာတော် တည်တံ့စေရန်အလို့ငှာ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 1266 items

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download