နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / May 16, 2023
image_latest


နေပြည်တော် မေ ၁၅

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "မိုခါ" (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်း ဆက်လက်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌ လိုအပ်သည့်အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်နှင့် ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်နေရာများ၌ သွပ်နှင့် လျှပ်စစ်ဓာတ်အားများလိုအပ်လျက်ရှိမှု၊ မုန်တိုင်းသင့် ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် ယာဉ်အစုအဖွဲ့များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု တို့ကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က မုန်တိုင်းတိုက်ခတ်မှု အခြေအနေများ၊ မိုးရွာသွန်းမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်မှုအခြေအနေများကို သုံးသပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ မုန်တိုင်းဖြတ်သန်းဝင်ရောက်နိုင်မည့် လမ်းကြောင်းပေါ်ရှိ မြို့ရွာများကို ဆက်သွယ်မှုမပြတ်တောက်စေရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးသည့် မြို့၊ ရွာများ၌လည်း ကြိုတင်ပြင်ဆင်ပြောင်းရွေ့ခြင်းများနှင့် အခြားလိုအပ်သည်များကို တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၏ ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများသေကြေထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့မှုအခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ် သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ်များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်လိုကြောင်း၊ မုန်တိုင်းသင့်ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေးဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင် ပေးရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်နိုင်ရန်အတွက် ဒေသအလိုက်စုပုံထားရှိသည့် အရန်ဆန်များကို အမြန်ဆုံးပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့နိုင်ရေးအတွက် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များကို အသင့်ပြင်ဆင် ထားရှိပြီး အချိန်နှင့်တစ်ပြေးညီပို့ဆောင်ပေးနိုင်ရေး အသင့်ပြုလုပ်ထားရှိမှု၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ အပါအဝင် စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် သွပ်နှင့်သွပ်မှိုများ အပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသင့်ပြင်ဆင်၍ အမြန်ဆုံးပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့် ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ရေဝင်ရောက်မှုကြောင့် ဝမ်းရောဂါများဖြစ်ပွားလာနိုင်သဖြင့် သောက်သုံးရေများသန့်ရှင်းမှုရှိစေရေး ရေသန့်စင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းများ၊ သတိပေးထုတ်ပြန်ချက်များနှင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက်အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံး စေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုပြတ် တောက်ခဲ့သည့်ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန်လိုကြောင်း၊ မုန်တိုင်းဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန် ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

Newspaper - 1266 items

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download