စုစည်းညီညွတ်သောအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း


Ministry of Information/ Naypyitaw / May 02, 2023
image_latest


မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် ရေမြေသဘာဝ ကောင်းမွန်သောနိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများပေါများကြွယ်ဝပြီး စိုက်ပျိုးသီးနှံမျိုးစုံ ဖြစ်ထွန်းသည့်နိုင်ငံဖြစ်သည်။ အဆိုပါ သဘာဝကပေးသော အရင်းအမြစ်များကို အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဟူသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့်နိုင်ငံတော်နှင့် မြင့်မားတိုးတက်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားကိုရှေးရှု၍ လက်တွေ့ကျကျဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကြိုးပမ်းရှာဖွေ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် သဘာဝကပေးထားသော ကောင်းမွန်သည့် သဘာဝအရင်းအမြစ်များရှိပြီးဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များအား ပညာရေးကဏ္ဍကို အခြေခံ၍ ပြုစုပျိုးထောင် မွေးထုတ်ပေးလျက်ရှိသည်။

နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များက နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်စီးပွားများ မြင့်မားတိုးတက်လာမည်ဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတို့လည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

နိုင်ငံတော်ကချမှတ်ထားသော စီးပွားရေးဦးတည်ချက်များတွင် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ၏ စွမ်းပကားအပေါ်တွင် မူတည်သည်။ နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေး၊ သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန် အခြေခံပညာ ကဏ္ဍမြှင့်တင်နိုင်ရေး၊ လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေး၊ အရည်အသွေးရှိသည့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေး၊ ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများပေးနိုင်ရေးတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။

ပေါ်ထွက်လာသော လူ့စွမ်းအားအရင်းအမြစ်များ၏ စွမ်းပကားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာတွင် တိုင်းရင်းသားပြည်သူအားလုံး တစည်းတလုံးတည်း လက်တွဲပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းထားသည့် ရည်ရွယ်ချက်ပန်းတိုင်သို့ ချောမွေ့စွာရောက်ရှိနိုင်မည်ဖြစ်သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်နှင့်အညီ ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စုစည်းညီညွတ်သောအင်အားနှင့် နိုင်ငံတော်အစိုးရက ပြုစုပျိုးထောင်မွေးထုတ်ပေးခဲ့သော လူ့စွမ်းအားအရင်းအမြစ်များ၏ စွမ်းပကားများ ပေါင်းစုကာ နိုင်ငံတော်ငြိမ်းချမ်းသာယာဝပြောရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကို အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရင်းနှီးချစ်ကြည်မှုနှင့် စည်းလုံးညီညွတ်မှုကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ အားလုံးစုပေါင်းဆောင်ရွက်ကြခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ အထောက်အကူပြုလာမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စုစည်းညီညွတ်သော အင်အားများနှင့် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ၏ စွမ်းပကားများဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 1266 items

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download