၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပိုစတာ “စိတ်ချယုံကြည် တွဲလက်ညီ (Together for Trust)”


Ministry of Transport and Communications/ Naypyitaw / January 10, 2024


ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ကို့ ဂုဏ်ပြုသည့်အနေဖြင့် “ စိတ်ချယုံကြည် တွဲလက်ညီ (Together for Trust) ” ခေါင်းစဉ်ဖြင့် ပိုစတာကို ထုတ်ပြန်ခဲ့ပါသည်။

 ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) မှ ထုတ်ပြန်သော ပိုစတာဒီဇိုင်းတွင် စာပို့တိုက်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ကမ္ဘာ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ဆောင် ပေးနေသည့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုသည့် လက် နှစ်ချောင်းကို အပြန်အလှန် လက်တွဲနှုတ်ဆက်နေသည့်ဟန် ပုံဖော်ထားပြီး နောက်ခံအရောင် ဖြစ်သည့် ခရမ်းရောင်သည် တီထွင်ဖန်တီးနိုင်မှု၊ ဉာဏ်ပညာနှင့် စည်းလုံးညီညွှတ်မှု တို့ကို ကိုယ်စားပြုပါသည်။ ထို့အပြင် pixel တစ်ခုစီသည် ကမ္ဘာတစ်ဝှမ်းရှိ များစွာသော စာတိုက် ရုံးများကို ကိုယ်စားပြု၍ ကမ္ဘာ့စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို  ကိုယ်စားပြု ပုံဖော်ထားခြင်းဖြစ်ပါသည်။

ပိုစတာကို အနီးကပ်ကြည့်ရှုသည့်အခါ pixel တစ်ခုစီသည် ကမ္ဘာ့စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်းများရှိ စာတိုက်ရုံးတစ်ခုစီ၏ အရေးကြီးသော ပံ့ပိုးကူညီမှုများအတွက် သက်သေခံ ချက် တစ်ခုအဖြစ်လည်းကောင်း အ‌ဝေးမှကြည့်ရှု့ပါက  pixel များသည် ပိုမိုကြီးမားသော ပုံသို့ ပေါင်းစည်းသွား၍ အတူတကွ လုပ်ဆောင်ခြင်း၏ အရေးပါမှုကိုလည်းကောင်း တွေ့မြင် နိုင်ပါသည်။

ထို့အပြင် နောက်ခံစာသားအနေဖြင့် Collaborating for a safe and connected future  ( လုံခြုံ ချိတ်ဆက် အနာဂတ်အတွက် ပူးပေါင်းလက်တွဲ ဖော်ဆောင်ရွက် )ကို ထည့်သွင်း၍ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများသည် သုံးစွဲသူများ အဆင်ပြေလွယ်ကူချောမွေ့စေရန် စာပို့တိုက်ကွန်ယက်များ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွှတ်မှုကို အခြေခံကာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုများပြုလုပ်ခြင်းဖြင့် ယုံကြည်မှုကို အခြေခံသည့် တိုးတက်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပုံဖော်ထားခြင်းဖြစ်ပါသည်။

Newspaper

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

Announcement

New Announcement Test

Hluttaws / Posted on November 01, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Information / Posted on July 06, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Information / Posted on July 05, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video

နေပြည်တော်ရေ ဖြန့်ဝေခြင်း

နေပြည်တော်ရေ ဖြန့်ဝေခြင်း

Naypyitaw Development Committee / Posted on June 24, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ထားဝယ်ခရိုင်အတွင်းရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ထားဝယ်မူလတန်းကြိုကျောင်းအားစစ်ဆေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၇-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဃောသိတာရမပါဌိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ Ministry of Social Welfare, Relief & Resettlement / Posted on June 20, 2022