လှိုင်းနှုန်းအသုံးပြုခွင့်လျှောက်ထားခြင်း


Ministry of Transport and Communications/ နေပြည်တော် / June 27, 2022
image


ရေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင်အသုံးပြုခွင့် 

          သင်္ဘောအချင်းချင်းဖြစ်​စေ၊ သင်္ဘောမှကမ်းခြေသို့ဖြစ်စေ၊ ကမ်းခြေမှသင်္ဘောသို့ဖြစ်စေ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ရေဒီယိုပစ္စည်းများကိုအသုံးပြု၍ သတင်းအချက်အလက်များ သို့မဟုတ် အချက်အလက်အကြောင်းအရာများကို ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့ကို ခွင့်ပြုသည်။

တင်ပြရမည့် အချက်များ

လျှောက်လွှာ

Application Form (ship).pdf

License Form (ship).pdf

အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်းများအတွက် ဤဦးစီးဌာနမှ ထုတ်ပေးထားသည့် တင်သွင်းခွင့်ထောက်ခံချက်

အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်းများ၏ Catalogue

သက်ဆိုင်ရာ ဝန်ကြီးဌာန/ ဦးစီးဌာန၏ ထောက်ခံချက်

အသုံးပြုလိုသည့်လှိုင်းနှုန်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ထုတ်ပေးထားသည့် Radio Survery Report

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ရေယာဉ်မှတ်ပုံတင်ထားသည့် Certificate of Myanmar Registry ( Particulars of Ship )