Myanmar News(10.1.24)

Myanmar News(10.1.24)

Ministry of Transport and Communications/ Naypyidaw / January 10, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ရှိ ၂၃၀ ကေဗွီအသုတ်ပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိ၍ ဓာတ်အားခွဲရုံ ၏ Switch Yard အတွင်း ၆၆ ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန် စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင် ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဒရယ်ကူးကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသစ် တည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ကျန်ရှိသော မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ မြေသားလုပ်ငန်းနှင့် လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများကို အချိန်ဇယားဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဓာတ်အားလွှတ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်အားသုံးစွဲမည့် ကျေးရွာ ၃၆ ရွာ အတွင်း/ အပြင် ဓာတ်အားလိုင်းများ အချိန်ကိုက် အပြီးသတ်စစ်ဆေးရေး၊ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့ရှိ Global Earth (GEAAI) သို့ ရောက်ရှိရာ စပါးခွံလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှုကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ မှာကြားသည်။

ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည်ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည် များမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။

Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ ကြာသပတေးနေ့။

Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ သောကြာနေ့။

Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ စနေနေ့။

Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။

Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။

Posted on Sep 23, 2024