မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာသာသနာတော်ကြီးလည်း အဓွန့်ရှည်တည်တံ့ပြီး မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓသာသနာ ကိုးကွယ်ယုံကြည်ကြတာကို ကမ္ဘာကိုထင်ထင်ရှားရှား ပြသနိုင်ခဲ့ပါတယ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာသာသနာတော်ကြီးလည်း အဓွန့်ရှည်တည်တံ့ပြီး မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓသာသနာ ကိုးကွယ်ယုံကြည်ကြတာကို ကမ္ဘာကိုထင်ထင်ရှားရှား ပြသနိုင်ခဲ့ပါတယ်


Government Organizations/ Naypyitaw / January 10, 2024


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လာရောက်ဖူးမြော်ကြသည်။

အဆိုပါဘုရားဖူးလာ ဂေါပကအဖွဲ့ဝင် များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရားစေတီ များနှင့် သာသနိကအဆောက်အဦများကို လှည့်လည်ဖူးမြော် ကြည်ညိုလေ့လာကြပြီး ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများ ဖြင့် တည်ဆောက်ထားသည့် သာသနိက အဆောက်အဦများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။

ဦးလှမြင့် (ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်)

ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုနဲ့စေတနာကြောင့် အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရတာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဘုရားစေတီ ၂၈ ဆူရဲ့ ဂေါပကအဖွဲ့တွေကို ကားသုံးစီးနဲ့ ဒုတိယအကြိမ်မြောက် ပို့ဆောင်ဖူးမြော်စေခြင်း ဖြစ်ပါတယ်။ ကျွန်တော်က မာရဝိဇယဘုရားကို အရင်တစ်ကြိမ် ဖူးမြော်ဖူးပြီးပါပြီ။ ကျွန်တော်ကဒုတိယအကြိမ် ဖူးမြော်ကြည်ညိုခွင့်ရတာ ဖြစ်ပါတယ်။ ဒီလိုဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ ဖူးမြော်မဝနဲ့ ကြည်ညိုသပ္ပာယ်လွန်းလှပါတယ်။

ဗိသုကာလက်ရာတွေကို ခေတ်သစ်ရဲ့နည်းပညာတွေနဲ့ သာသနာတော်အတွက် ကမ္ဘာမှာ ထင်ရှားတဲ့ အရာတစ်ခုဖြစ်အောင် ထုဆစ်ကိုးကွယ်ထားတာကို အံ့မခန်းဖူးမြော်ရပါတယ်။ အခုလိုအကောင် အထည်ဖော်ပေးတဲ့ ဦးဆောင်ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ တာဝန်ယူဆောင်ရွက်ကြရတဲ့ နိုင်ငံတော်အကြီး အကဲတွေ၊ လက်ရှိစီမံခန့်ခွဲမှုတွေ ဆောင်ရွက်နေတဲ့ အကြီးအကဲတွေနဲ့ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ လက်ရှိဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူတွေ၊ ဂေါပကတွေ၊ ဦးစီးကော်မတီက တာဝန်ရှိသူတွေကို ဘုရားဖူးလာသူတိုင်းကို ကြည်ညိုဖွယ်ဖြစ်အောင် ဂုဏ်ယူရအောင် ဘုရားကိုထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာမှာဉာဏ်တော် အမြင့်ဆုံးရုပ်ပွားတော်ကို အခုလိုတည်ထား ကိုးကွယ်တဲ့အတွက် ဘုရားဖူးပြည်သူ တစ်ယောက်အနေနဲ့၊ ဂေါပကအဖွဲ့ဝင်အနေနဲ့ အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘုရားရဲ့ထိန်းသိမ်းရေးအပိုင်းမှာ လိုအပ်တဲ့အကြံဉာဏ်ကောင်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ကျယ်ဝန်းလှတဲ့ ဘုရားပရိဝုဏ်ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး နှစ်ပေါင်းရာထောင် တည်တံ့နိုင်မယ်လို့ ယူဆမိပါတယ်။

ဦးမျိုးမြင့် (ဦးစီးကော်မတီဥက္ကဋ္ဌ၊ မဟာ သကျမုနိရုပ်ပွားတော်မြတ်ကြီး)

ကျွန်တော်တို့ကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဘုရားတွေရဲ့ ဂေါပကအဖွဲ့တွေ၊ ဦးစီးကော်မတီတွေကို နေပြည်တော်မှာ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုဖို့ စီစဉ်ဆောင်ရွက်တာပဲဖြစ်ပါတယ်။ ပထမတစ်ဖွဲ့တုန်းက အင်အား ၁၀၀ နဲ့ လာခဲ့ကြပြီး အခုကျွန်တော်တို့ကလာတာက ဒုတိယအဖွဲ့ဖြစ်ပါတယ်။ အခုဒုတိယအဖွဲ့မှာ ဂေါပကအဖွဲ့၊ ဦးစီးကော်မတီအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ပါ ၁၁၅ ဦးကို ကားသုံးစီးနဲ့ စီစဉ်ဆောင်ရွက်ပေးပြီး လာရောက်ဖူးမြော်ကြည်ညိုတာ ဖြစ်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စကျင်ကျောက်တော်ကြီး စတင်သယ်ယူပြီး ထုဆစ်တဲ့အထိကို တီဗွီထဲမှာတွေ့ရပါတယ်။ နောက်ပိုင်း ဘုရားအနေကဇာတင်ပွဲတွေ၊ ဘုရားပွဲတွေကိုလည်း တီဗွီမှာတွေ့ရတယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျဖူးမြော်ချင်လို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ဖူးမြော်ကြည်ညို တာဖြစ်ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတော့ တီဗွီထဲမှာ ဖူးမြော်ရတာထက်ကို ပိုပြီးကြည်ညိုသဒ္ဓါပွားရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးသော ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရှိနေတာဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ဘာသာအတွက် အင်မတန်ဂုဏ်ယူရပြီး ကမ္ဘာတည်သရွေ့ တည်တံ့မယ့် အနေအထားဖြစ်မှာပါ။ အခုလိုမျိုး တည်ထားကိုးကွယ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ဂေါပကအဖွဲ့တွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးလှထွန်း (ဂေါပကအဖွဲ့ဝင်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီ)

ဒီခရီးစဉ်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထူးအစီအစဉ်အဖြစ် ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုရားစေတီတော်အားလုံးက ဂေါပကအဖွဲ့ အဖွဲ့ဝင်တွေကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး နေပြည် တော်မှာ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုဖို့ အထူးစီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ် ကြီးဟာ ဘယ်လောက်ကြီးကျယ်ခမ်းနား တယ်ဆိုတာတီဗွီမှာ အကြိမ်ကြိမ်ဖူးမြော် ခဲ့လို့ သိရှိပြီးဖြစ်ပါတယ်။ အခုလို ကိုယ်တိုင်လာရောက်ဖူးမြော်ရတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့တွေကို လှိုက်လှိုက်လှဲလှဲ ခရီးဦးကြိုပြုပြီး ရုပ်ပွားတော်မြတ်ကြီး စတင်သယ်ယူထုဆစ်ပုံအဆင့်ဆင့်ကို ပြီးပြည့်စုံစွာ ရှင်းပြပေးပါတယ်။ ရှင်းပြတာကြားရတော့ ရုပ်ပွားတော်မြတ်ကြီးကို အခက်အခဲတွေ ကျော်လွှားပြီး တည်ထားကိုးကွယ်ခဲ့ရတာ သိရှိရတယ်။

နိုင်ငံတော် အကြီးအကဲတွေကနေစပြီး အဆင့်ဆင့်သော တာဝန်ရှိသူတွေဟာ ဘယ်လောက်အားထည့်ပြီး တည်ထားကိုးကွယ်ခဲ့တယ်ဆိုတာကိုပါ သိရှိရတော့ ပိုပြီးကြည်ညိုသဒ္ဓါစိတ် ဖြစ်မိပါတယ်။ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာ သာသနာတော်ကြီးလည်း အဓွန့်ရှည် တည်တံ့ပြီး မြန်မာနိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓသာသနာ ကိုးကွယ်ယုံကြည်ကြတာကို ကမ္ဘာကိုထင်ထင်ရှားရှား ပြသနိုင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာသာသနာတော်ကိုများစွာ အထောက်အကူဖြစ်တယ်ဆိုတာကို တွေ့ရတာကြောင့် အင်မတန်ဝမ်းသာပီတိဖြစ် ရပါတယ်။

ဦးမြင့်လွင် (ဂေါပကအဖွဲ့ဝင်၊ ဥက္ကလာပ စေတီတော်မြတ်ကြီး)

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်အောင် ထုဆစ်ပုံဖော်နိုင်တဲ့ စွမ်းအား၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ စေတနာသဒ္ဓါတရား၊ နိုင်ငံတော်အကြီး အကဲရဲ့စီမံခန့်ခွဲမှုနဲ့ သဒ္ဓါတရားတွေကို အင်မတန်အံ့ဩချီးကျူးမိပါတယ်။ ပညာရှင်တွေကျတော့လည်း သူတို့တတ်စွမ်းသမျှ ပညာတွေကို အစွမ်းကုန်ထုတ်သုံးပြီးတော့ လုပ်ထားတာတွေကို လေ့လာရတဲ့အတွက် အင်မတန်ဝမ်းသာ ဂုဏ်ယူရပြန်ပါတယ်။ ကျွန်တော်တို့အဖွဲ့လည်း ဒီကနေစီမံခန့်ခွဲတဲ့အပိုင်းတွေကို အတုယူပြီးတော့ ဥက္ကလာပစေတီတော် မြတ်ကြီးမှာ ပိုပြီးတော့ အများကြည်ညို ဖွယ်ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဗုဒ္ဓဘာသာနိုင်ငံအသီးသီးကနေ ဆရာတော်ကြီးတွေ ကြွရောက်ပြီးတော့ ဗုဒ္ဓါ ဘိသေက အနေကဇာတင်တာ တွေ့ရ တော့ အင်မတန်ဝမ်းသာပီတိ ဖြစ်မိပါ တယ်။ ဗုဒ္ဓဘာသာသာသနာကြီး မြန်မာပြည်မှာ အဓွန့်ရှည်တည်တံ့ဖို့အတွက် အားလုံးက သဒ္ဓါတရား ထက်သန်စွာနဲ့ ကြိုးစားဆောင်ရွက်ခဲ့လိုသာ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗိသုကာ ပညာရှင်တွေရဲ့ စုပေါင်းစွမ်းအား၊ နိုင်ငံတော် အကြီးအကဲရဲ့ စီမံခန့်ခွဲမှုအားနဲ့ ဒီရုပ်ပွားတော်မြတ်ကြီးမှာ မြန်မာ့ယဉ်ကျေးမှု အနုလက်ရာတွေကို မြန်မာပညာရှင်တွေနဲ့ အစဉ်အဆက် ထိန်းသိမ်းနိုင်အောင်၊ အားလုံးက အတုယူဖွယ်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ဦးမျိုးမင်း (ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဓမ္မ ရံသီ အိမ်တော်ရာ စေတီတော်)

အခုလို ဂေါပကအဖွဲ့ဝင်တွေစုစည်းပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ အခုဘုရားဖူးလာတော့ ကျွန်တော်တို့အဖွဲ့ကို ရှင်းလင်းဆောင်မှာ ဘုရားကြီးနဲ့ပတ်သက်ပြီး တည်ထားကိုးကွယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသပါတယ်။

ဘုရားကြီး တည်ထားကိုးကွယ်ရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပါတယ်။ ကျွန်တော် မှတ်သားမိတာက မြန်မာနိုင်ငံဟာ ဗုဒ္ဓသာသနာရဲ့ဗဟိုချက်မ ဖြစ်စေ ဖို့ဆိုတဲ့ အချက်တစ်ချက်ကို ကြားသိမှတ်သားလိုက်ရပါတယ်။ ကမ္ဘာပေါ်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင် ငါးနိုင်ငံရှိတယ်လို့ လေ့လာမှတ်သား သိရှိရပါတယ်။ ဒီငါးနိုင်ငံမှာ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားဆုံးသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ဂုဏ်ဒြပ်နဲ့အညီ ဒီကနေ့ကျွန်တော်တို့ နေပြည်တော်မှာ ဘုရားဝင်းအကျယ် ၂၅၅ ဧက မှာ ပလ္လင်တော်နဲ့ ဉာဏ်တော်အမြင့် ၈၁ ပေရှိတဲ့ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးကို တည်ထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဖူးမြော်ရတာလည်း အင်မတန်မှကို ပီတိဖြစ်မိပါတယ်။

ရုပ်ပွားတော်မြတ်ကြီး တည်ထားတဲ့အခါမှာလည်း အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံနဲ့ အတိမ်းအစောင်းမခံတဲ့ တည်ထားမှု လုပ်ငန်းစဉ်တွေကို လေ့လာမှတ်သား သိရှိရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေက နည်းပညာအပြည့်အစုံနဲ့ အဘက်ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ဘုရားကြီးကို တည်ထားပေးတဲ့အတွက် လေးစားဂုဏ်ယူမိပါတယ်။

ရန်ကုန်က ဂေါပကအဖွဲ့ဝင်တွေ စုစည်းပြီး မာရဝိဇယရုပ်ပွားတော်မြတ် ကြီးကို စုပေါင်းလာရောက် ဖူးမြော်ခွင့် ရတာဟာ အင်မတန်တန်ဖိုးရှိပါတယ်။ ရှင်းပြတဲ့နေရာမှာလည်း သာသနိက အဆောက်အဦ အခင်းအကျင်း၊ ဘုရားကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်များကို လေ့လာမှတ်သားရပါတယ်။ အခုဘုရားဖူး ခရီးစဉ်က ဂေါပကအဖွဲ့ဝင်တစ်ဦးအနေနဲ့ အင်မတန်မှကို တန်ဖိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ အခုခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေသာမက နောက်မှာကျန်ရှိတဲ့ ဂေါပကရုံးအဖွဲ့တွေလည်း ဖူးမြော်ခွင့်ရပြီး အခုလိုဘုရားကြီးအကြောင်း ရှင်းလင်းပြောပြတာကို ကြားသိခွင့်ရရင် ပိုပြီးတန်ဖိုးရှိမယ်လို့ အကြံပြုချင်ပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ဂျိုင်း

ဓာတ်ပုံ - ကိုရဲ

Newspapers Explore more >

Myanmar


Posted on May 12, 2023

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 25, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on May 24, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Posted on May 23, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 22, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Posted on May 21, 2022
AnnouncementsExplore more >

New Announcement Test

Posted on Nov 1, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jul 6, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jul 5, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း