ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / September 24, 2024
နေပြည်တော် စက်တင်ဘာ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား ဆက်လက်ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ကြသည်။
တာဝန်ရှိသူများ တက်ရောက်
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးရာဌာနနှင့် စွမ်းအင်ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Posted on Sep 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(၃)နေရာ အတွက် (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့်...
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့က ၁၅-၁၀-၂၀၂၄ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့်အမှုများစာရင်း-
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့က ၁၅-၁၀-၂၀၂၄ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့်အမှုများစာရင်း-
အခွန်အယူခံခုံအဖွဲ့က ၁၂-၉-၂၀၂၄ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Sep 5, 2024အခွန်အယူခံခုံအဖွဲ့က ၁၂-၉-၂၀၂၄ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း