ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် အမှိုက်သိမ်းစနစ်များ


Yangon City Development Committee / September 30, 2021

  • ခေါင်းလောင်းတီးစနစ်
  • နေပြည်တော်နယ်နိမိတ်အတွင်းရှိမြို့နယ်အားလုံးတွင် ရပ်ကွက်အလိုက် နေ့စဉ်သတ်မှတ်အချိန်များတွင် အလုံပိတ်အမှိုက်သိမ်းယာဉ်များဖြင့် ခေါင်းလောင်းတီးအမှိုက်သိမ်း စနစ်ကို ဆောင်ရွက်လျက်ရှိပါသည်။ နေပြည်တော် နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများအစဉ် သန့်ရှင်းနေစေရန်အတွက် Road Sweeper ယာဉ်များ အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။

  • အမှိုက်ပုံးစနစ်
  • မြို့နယ်များရှိလူစည်ကားရာနေရာများ၊ ကျောင်းများ၊ ကားမှတ်တိုင်များ၊ ရုပ်ရှင်ရုံ၊ Supermarket စသည့်နေရာများတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ ထားရှိပေးထားပါသည်။

  • ဈေးမှထွက်ရှိသည့်အမှိုက်များ
  • ဈေးမှထွက်ရှိသည့်အမှိုက်များအား သိမ်းဆည်းရာတွင် Mobile အမှိုက်ကန်များထားရှိ၍ နေ့စဉ်စွန့်ပစ်စေပြီး ၎င်းအမှိုက်များမှ ပုတ်သိုးဆွေးမြေ့လွယ်သည့် အမှိုက်များ၊ အစားအသောက်အကြွင်းအကျန်များ၊ သီးပင်စားပင်အပိုင်းအစများကို သဘာဝ မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။

Website လိပ်စာ

https://www.nptdc.gov.mm/

FAQs