အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များအတွက် ပါရှိရမည့်အထောက်အထားများ
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များအတွက် ပါရှိရမည့်အထောက်အထားများ
Ministry of Immigration & Population / October 06, 2021
အိမ်ထောင်စုအလိုက် ပြောင်း၀င်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ အိမ်ထောင်ဦးစီးကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စု၀င်များထဲမှ အသက် (၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
- ၀င်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
- ပြောင်း၀င်မည့် အိမ်ခန်း(သို့မဟုတ်)အိမ်အား ပိုင်ဆိုင်သည့်အထောက်အထား မူရင်း/မိတ္တူ ပါရှိရမည်။
- ပိုင်ဆိုင်သည့် အထောက်အထားမပြနိုင်ပါက လိပ်စာပါနေရာတွင် မည့်သည့်အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုအလိုက် ပြောင်းထွက်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီး သူ တစ်ဦး အား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- ပြောင်းထွက်မည့်သူများ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း/ မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုလူဦးရေ တိုးခြင်း
- ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- ကာယကံရှင်၏ လျှောက်လွှာပါရှိရမည်။နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
- လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုလူဦးရေ လျော့ခြင်း
- ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီး သည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ပါရှိရမည်။
မွေးဖွားသူ အမည်စာရင်းတိုးခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူပါရှိရမည်။
- မိဘနှစ်ပါး ၊ အိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက လူဦးရေတိုးမည့်မိဘ၏ အိမ်ထောင်စုလူဦးရေးစာရင်း အိမ်လက်ခံမူရင်း ၊ မိတ္တူနှင့် လူဦးရေစာရင်းတိုးရန် မလိုသည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။မွေးဖွားကြောင်း ပုံစံ-၁(က) (သို့မဟုတ်)မွေးစာရင်းလက်မှတ် မူရင်းနှင့် မိတ္တူပါရှိရမည်။
သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- သေဆုံးကြောင်း ပုံစံထွေ-၁(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း ၊ မိတ္တူပါရှိရမည်။
- တိုင်ကြားသူနှင့် သေဆုံးသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း/မိတ္တူ ပါရှိရမည်။
- သေဆုံးသူသည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
သီးခြားအိမ်ထောင်စု ခွဲထွက်ခြင်း
- ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များ ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- အိုးခွဲ ၊ အခန်းခွဲ ၊ ခေါင်ခွဲ ၊ စီးပွားခွဲ စသည့် ခွဲ (၄)ခွဲနှင့် ညီညွတ်ရမည်။
- အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
FAQs
Services (Online) -
3 items
Explore more
ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်ထုတ်ပေးခြင်း
Magway Region Government / June 26, 2022
Rating