(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးကျင်းပ

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / December 04, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။

အမှာစကားပြောကြား

အခမ်းအနားတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ် ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Pol. Col. Mr. Vu Van Hau တို့က အဖွင့်အမှာစကား ပြောကြားသည်။

ကိုယ်စားလှယ်များတက်ရောက်

အခမ်းအနားသို့ ဖိတ်ကြားထားသော ရဲအရာရှိကြီးများ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအမြဲတမ်းရုံး အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ်ဆောင်ရောင်းဝယ်မှု ၊ (၄)ကြိမ် မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်နိုင်မှုအခြေ အနေ ပြန်လည်သုံးသပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပရီကာဆာသယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် အနာဂတ် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အလားအလာများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး ရလဒ် များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း၊ (၆)ကြိမ်မြောက် အစည်းအဝေးကျင်းပမည့် နေ့ရက်၊ နေရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်