ရန်ကုန်လှော်ကားရေလှောင်ကန် မြေဧက ၅ဝ တွင် သစ်ပင်ပေါင်း ၈ဝဝဝဝ ကျော် စိုက်ပျိုးမည်

ရန်ကုန်လှော်ကားရေလှောင်ကန် မြေဧက ၅ဝ တွင် သစ်ပင်ပေါင်း ၈ဝဝဝဝ ကျော် စိုက်ပျိုးမည်


Ministry of Information/ Naypyitaw / June 11, 2021
image_latest


 

ရန်ကုန် ဇွန် ၁ဝ

 လှော်ကားရေလှောင်ကန်ရှိ ရေဝေရေလဲ သစ်တောမြေနေရာ က ၅ဝ တွင် ကျွန်း၊ ပျဉ်းကတိုးနှင့် အရိပ်ရ သစ်ပင်ပေါင်း ၈ဝဝဝဝ ကျော်ကို ယခု မိုးရာသီတွင် ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီက စိုက်ပျိုး ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးခြင်းကို နှစ်စဉ်မိုးရာသီရောက်တိုင်း မြို့တော်စည်ပင် က ရေလှောင်ကန်ကြီးများ ပတ်ဝန်းကျင်နှင့် မြို့တော်အတွင်းရှိ လမ်းဘေးဝဲ၊ ယာများ၊ လမ်းလယ်ကျွန်းများတွင်စိုက်ပျိုးလျက်ရှိသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပြိုလဲပျက်စီးသွားသော  သစ်ပင်များနေရာတွင်လည်း အစားထိုး စိုက်ပျိုး ခြင်းနှင့် ရေလှောင်ကန် ပတ်ဝန်းကျင်ရှိ မြေနေရာများတွင် နှစ်ရှည်သစ်မာပင်များကိုလည်း ရန်ကုန်မြို့တော် စိမ်းလန်း သာယာ သန့်ရှင်းလှပရေးလုပ်ငန်းကော်မတီ  ၏ လမ်းညွှန်ချက်နှင့်အညီ ဆပ်ကော်မတီများကို စနစ် တကျ စိုက်ပျိုး သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်သစ်ပင်များစီစဉ်ထားမှုမှာ လှော်ကားရေလှောင်ကန် ရေဝေရေလဲ သစ်တော မြေဧက ၅ဝ တွင်  ကျွန်း၊ ပျဉ်းကတိုး သစ်မာ ၅၄ဝဝဝ၊ မဟော်ဂနီ၊ ဆီသပြေ၊ ခရေ၊ ရေတမာ | စသည့် အရိပ်ရသစ်ပင်ပေါင်း ၂၇၀၀၀ နှင့် စိမ်းလန်းသောလှော်ကား သစ်တောမြေ ၁၀၅ ကေ၌ သဘာဝဘေး အန္တရာယ်ကြောင့် ပြိုလဲသွားသော သစ်ပင်များနေရာတွင် အရိပ်ရသစ်ပင်ပေါင်း ၂၇၀၀ ခန့်ကို အစီ အစဉ်အတိုင်း အစားထိုး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုးချဲ့ အစားထိုးစိုက်ပျိုး ။ လှော်ကားရေလှောင်ကန်အတွင်း နှစ်ရှည်သစ်မာပင်များကို တိုးချဲ့ အစားထိုး စိုက်ပျိုး ရခြင်းမှာ ကမ္ဘာကြီး ပူနွေးမှုဖြစ်စဉ်များကြောင့် ရေလှောင်ကန်ရှိ ရေပြင်များ နေအပူရှိန်ကြောင့် အငွေ့ပျံခြင်းမှ ကာကွယ် နိုင်ရန်အတွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ-စောလှိုင်ဝင်း(မြို့တော်သတင်း)