ဘားအံမြို့၌ သံဃာတော်/ သီလရှင် အပါး ၅၀၀၀ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ဘားအံမြို့၌ သံဃာတော်/ သီလရှင် အပါး ၅၀၀၀ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ


Ministry of Information/ ဘားအံမြို့ / November 30, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ နှင့် စေတနာ ရှင်ပြည်သူများ ပူးပေါင်းကျင်းပသည့် သံဃာတော်/ သီလရှင် အပါး ၅၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီခွဲ တွင် ဘားအံမြို့ရှိ လေယာဉ်ကွင်း၌ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့ မိုင်းသောက်စာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလထံမှ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးနန့်ကြင်ကြည်၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်၊ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မွန်တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့က သာသနာရေးဆိုင်ရာများ ကို လျှောက်ထားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် စေတနာရှင် ပြည်သူများက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြွရောက်တော် မူကြသော သံဃာတော်/ သီလရှင်အပါး ၅၀၀၀ အား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်စိမ်း တို့ကို လောင်းလှူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ် ကျေးရွာ မြကျိုင်း တောင်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရှိ ကောင်းမှုတော်စေတီ ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ ရတနာစိန်ဖူး တော် တင် လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား သို့ တက်ရောက်၍ ရွှေထီး တော် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ တင်လှူပူဇော် ကြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းသမိုင်းဝင် သုဝဏ္ဏ ဘုမ္မိ ဂဝံ ယဉ်ကျေးမှု သုတေသနပြတိုက် အဆောက်အအုံ တည်ဆောက် နေမှုနှင့် မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာရှိ စေတီ များတွင် တင်လှူပူဇော်မည့် ထီးတော် များ ပြုလုပ်နေမှုကို သွားရောက် ကြည့်ရှုသည်။

(သတင်းစဉ်)