ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း UNDP မှဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း UNDP မှဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / October 09, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း သည် တာဝန် ပြီးဆုံး၍ပြန်လည် ထွက်ခွာမည့် UNDP မှဌာနေကိုယ်စား လှယ် Mr. Peter Batchelor အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် UNDPနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲ လုပ်ငန်း စီမံကိန်းများနှင့် အကျိုးရလဒ်များ၊ သစ်တော စိုက်ခင်းပြန်လည် တည်ထောင်ခြင်း (၁၀)နှစ် စီမံကိန်း၊ ဒီရေတောထိန်းသိမ်းခြင်း နှင့်ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းများ အကောင် အထည်ဖော်မှုနှင့် ရန်ပုံငွေအရင်း အမြစ်ရရှိနိုင်မှု၊ ဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေ တို့ တည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ပါဝင်ပတ်သက်သူများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ အဖွဲ့ဝင် နိုင်ငံအနေဖြင့် တက်ရောက်နိုင် မည့်အခြေအနေများနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)