ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / December 17, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UN – Habitat)မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Atsushi Koresawa နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေးအတွက် နည်းပညာဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက် တိုးချဲ့ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးနှင့် အာကာသ အခြေပြု နည်းပညာ များ အသုံးပြု၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ရယူခြင်း၊ ဂြိုလ်တုပုံရိပ်သုံးနည်းပညာနှင့် ပထဝီဝင် သတင်းအချက် အလက်စနစ်တို့ကို ပေါင်းစပ်အသုံးပြု၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာများတွင် အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လိုအပ်သော အဆောက်အဦ များ တည်ဆောက်ရာတွင် ပါဝင်ကူညီပေးနိုင်မည့် ကိစ္စရပ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ လမ်းညွှန်ချက်များနှင့်အညီ Conflict Sensitive ချဉ်းကပ်မှုဖြင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြန်လည်နေရာချထားရေးတွင် အရေးပါသည့် လူမှုသဟဇာတမျှတရေးကို ဦးတည် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ UN - Habitat အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)