စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (JICA Two Step Loan) Phase II ချေးငွေ ရရှိရေးဆိုင်ရာများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေး

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (JICA Two Step Loan) Phase II ချေးငွေ ရရှိရေးဆိုင်ရာများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / December 03, 2020
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး အကောင်အထည်ဖော် စီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက   စိုက်ပျိုးရေးနှင့် ကျေးလက်  ဖွံ့ဖြိုးရေးစီမံ ကိန်း (JICA, Two Step Loan)  Phase I  ကို မြန်မာကျပ်ငွေ ဘီလီယံ (၂၀၀)ခန့်ဖြင့် ၂၀၁၇ ခုနှစ်မှ စတင် ၍ ဆောင်ရွက်ခဲ့ရာ လယ်ယာကဏ္ဍမှ တောင်သူများ အတွက် လွန်စွာ အကျိုးရှိပါကြောင်း၊ ယခု Phase II ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် နည်းပညာနှင့် ငွေကြေးအ ရင်း အနှီးများ လိုအပ်လျက်ရာ JICA မှ Phase II အနေဖြင့် Phase I  ပဏာမအတိုင်း ဖြည့်ဆည်းပေး နိုင်ရန် စီစဉ်လျက်ရှိသဖြင့် များစွာဝမ်းမြောက်ပါကြောင်း၊ JICA ချေးငွေ အကူအညီများသည် နိုင်ငံ၏ စီးပွားရေးမူဝါဒ၊ MERRP (Myanmar Economic Resilience and Reform Plan)၊ CERP (Covid-19 Economic Relief Plan)တို့နှင့်လည်း ကိုက်ညီပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရုံမက ထုတ်လုပ်မှုတိုးတက်စေရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် သမရိုးကျ ထုတ်လုပ်သည့် ပုံစံမှ Value Added ထုတ်ကုန်များကို  နည်းပညာများ၊ စက်ပစ္စည်းများ အသုံးပြု၍ ထုတ်လုပ်နိုင်ရန်နှင့် Supply Chain တစ်ခုလုံးအား ပံ့ပိုးပေးနိုင်ရေး Action Plan များ ရေးဆွဲဆောင်ရွက်ရန် လိုကြောင်း၊ JICA စီမံကိန်း အား Executing Agency အဖြစ် ဆောင်ရွက်နေသည့် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် Comprehensive Master Plan တစ်ရပ် ရေးဆွဲထားရန် လိုအပ် ကြောင်း၊ JICA နှင့် ဆက်စပ် ဌာနများအနေဖြင့် JICA, Two Step Loan အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက JICA, Two Step Loan Phase I ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ Phase II အတွက် ချေးငွေလိုအပ်မှုနှင့် ဆက်လက်အကောင်အထည်ဖော်မည့်ကိစ္စရပ်များကိုလည်းကောင်း၊ JICA Head Office မှ တာဝန်ရှိသူက   JICA, Two Step Loan Phase II ချေးငွေပေးရန် ဆောင်ရွက်နေမှုနှင့်ဆက် လက်ဆောင်ရွက်ရန် ကိစ္စများအားလည်းကောင်း တင်ပြဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင် ကော်မတီအဖွဲ့ဝင်များ၊ JICA Myanmar Head Office နှင့် JICA Head Office တာဝန်ရှိ ပုဂ္ဂိုလ်များ၊ JICA Consultant များမှ Virtual Meeting ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)