စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် တက်ရောက်


Sagaing Region Government/ မုံရွာမြို့ / December 10, 2019


စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား (၁၀-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးသစ်၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရုံးအဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

​​​​​​​