ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအသီးသီးတွင် ရပ်ဆိုင်းထားခြင်း မရှိဘဲ ဆက်လက်အပ်နှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအသီးသီးတွင် ရပ်ဆိုင်းထားခြင်း မရှိဘဲ ဆက်လက်အပ်နှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / June 11, 2021
image_latest


 

ရန်ကုန် ဇွန် ၁၀

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပြီးခဲ့သော ဇွန် ၁ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းလုံးမှ အခြေခံပညာကျောင်းများ ဖြစ်သောထက်/လယ်/မူ ကျောင်းများအားလုံး ၂၀၂၁၂၀၂၂ ပညာသစ်နှစ်ကို စတင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ယင်းသို့ စတင် ဖွင့်လှစ်နိုင်ရန် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကိုလည်း ဇွန်လမတိုင်မီ မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကြိုတင်သတ်မှတ်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို သက်ဆိုင် ရာကျောင်းများမှ စတင် လက်ခံခဲ့ပြီးဖြစ်သည်။

ကျောင်းများ ဆက်လက်အပ်နှံ

လောလောဆယ်တွင် ကျောင်းဖွင့်နေပြီဖြစ် သော်လည်း ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းသီးသီးတွင် ရပ်ဆိုင်းထားခြင်းမရှိဘဲ ဆက်လက်အပ်နှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ လတ် တလော အခြေအနေတစ်ရပ်တွင်ကျောင်းများသို့ တက်ရောက်ပညာသင်ယူကြသည့် နိုင်ငံ့ မျိုးဆက် သစ် ကျောင်းသားများမှာ ယခင်နှစ်များကကဲ့သို့ ပုံမှန်ပြန်လည်တက်ရောက်ခြင်းမရှိသေးဘဲ အခြေ အနေ အမျိုးမျိုးတို့ကိုကျောင်းသားမိဘများကိုယ်တိုင်စောင့်ကြည့်ကာ ကျောင်းများသို့ စေလွှတ်လျက် ရှိသည်ကို တွေ့နေမြင်နေရသည်။

ပုံမှန်ပြန်လည်ဖွင့်လှစ်

 “ဆရာမကြီးကတော့ ကျောင်းသူကျောင်းသား တွေကို အရင်နှစ်တွေကလိုပဲ အေးအေးချမ်းချမ်းနဲ့ ပြန်လည် တက်ရောက်ပြီး ပညာတွေ ဆက်လက် သင်ကြားစေချင်တယ်။ အခုဆိုရင် ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်ကို ကျော်လွန်ခဲ့ပြီဆိုပေမယ့် ကျွန်မတို့ အခြေခံပညာဦးစီးဌာနအနေနဲ့ကတော့ ဆက်လက်ပြီး ကျောင်းအပ်တဲ့ လုပ်ငန်းစဉ်တွေကို အတိုင်းအတာတစ်ခုအထိလက်ခံပေးသွားဦးမှာပါ။ တကယ်တော့ ဘာမှအသိမကြွယ်သေးတဲ့ ကျောင်း သားတွေကို မနစ်နာစေချင်ဘူး၊ သူတို့ဘာလေး တွေကို ခုလို အကြောက်တရားဆိုတဲ့ အတား အဆီးကြီး တစ်ခုနဲ့တော့ ညသင်နှစ်တစ်နှစ် ထပ်ပြီး ဆုံးရှုံးစေချင်တော့ဘူး။ အခုဆိုရင်လည်း အမျိုးမျိုးကြားနေရတာပဲ။ တကယ်တော့ ကျောင်း  တွေက ပုံမှန်ပြန်လည်ဖွင့်လှစ်ပြီး လည်ပတ်နေမှ နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေ ပညာရေး မှာ နောက်မကျဘဲ အခြားနိုင်ငံက လူငယ်တွေနဲ့ တန်း တူ ရင်ပေါင်တန်းနိုင်မှာဖြစ်တယ်။ ပြောရရင် နိုင်ငံ တစ်နိုင်ငံရဲ့ အနာဂတ်မှာ မျှော်မှန်းမရနိုင် တန်ဖိုး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ကျောင်းနေရွယ် ကလေး ငယ်များရဲ့ ပညာသင်ယူမှုပဲ။ နိုင်ငံတကာမှာ လည်း ဒီလိုပဲ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူ တွေရော၊ မိဘတွေရော ပြောချင်တာကတော့ စိတ်ခံစားမှုကို ရှေ့တန်မ တင်ဘဲ ကျောင်းကို ယခင်နှစ် တွေကအတိုင်း ပြန် ည်တက်ရောက်ကြပါလို့ ပြောချင်ပါတယ်ဟု ညာရေဆန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့် (အမည်လွှဲ)က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက် တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးကလည်း လတ် တလော ကြုံတွေ့ နေရများနှင့် ပတ်သက်၍ “ဒီနှစ် ပညာသင်နှစ်ကတော့ ကျွန်တော်တို့ ကျောင်းအုပ် တွေအနေနဲ့ အတော်လေးကို သည်းခံရပါတယ်။

ကျောင်းသားမိဘတွေကတစ်မျိုး၊ ကျောင်းဆရာ ဆရာမတွေကတစ်ဖုံ အမျိုးမျိုးပါပဲ။ အချို့ ကျောင်း သားမိဘတွေက သူတို့ကလေးကို ဒီပညာသင်နှစ် တစ်နှစ် မနစ်နာစေချင်ဘူး။ အဲဒါကြောင့် ကျောင်း တော့လာပြီး အပ်ထားကြတယ်။ ဒါပေမယ့်ကျောင်း လာပို့လားဆိုတော့ စိတ်မချသလိုလိုနဲ့ ကျောင်းကို လည်း မပို့ဘူး။ တချို့ ဆရာမတွေဆိုလည်း အဲဒီ လိုပဲ။ CDM လည်း လုပ်သွားဘူး၊ ကျောင်းကိုလည်း ကောင်းကောင်း စိတ်ပါပါနဲ့ ရဲရဲတင်းတင်း မလာ ရဲကြဘူး။ အလုပ်ပြုတ်မှာလည်း ကြောက်သေး တယ်ပေါ့။ ဒီနှစ်က တကယ်ကိုပဲ ဟိုလိုလို ဒီလိုလိုတွေ အုပ်ချုပ်နေရတော့ ဆရာကြီးအနေနဲ့ အတော် လေးကို သည်းခံရပါတယ်။ ဟိုတစ်နေ့က ကျောင်း သား တစ်ယောက်ဆို သားတို့ကို ဘယ်သူကမှ လာမပစ်ပါဘူးတဲ့။ သားက ကြောက်လို့တဲ့။ တကယ်တော့ ကလေးတွေရဲ့ စိတ်ထဲမှာ ကျောင်းလာပြီး ပညာသင်ချင်ကြတယ်။ ကျောင်းသား မိဘတွေနဲ့ တ်ဝန်းကျင်ရဲ့ စကား သံတွေကြောင့် သူတို့ခမျာမှာ အကြောက်တရားတွေ လွှမ်းမိုးနေကြ တာ။ မိဘတွေအနေနဲ့လည်း အဲဒီလို အခြေ အနေ မျိုးကိုသိရင် ကိုယ့်သားသမီးကို အားပေးစကား ပြောပြီး ကျောင်းတွေကိုလွတ်စေချင်တယ်ဟု ၎င်း အမြင် ကို ပြောသည်။

သတ္တမတန်းစနစ်သစ် တက်ရောက်သင်ကြား နေသော ကျောင်းသူတစ်ဦး၏ မိခင်တစ်ဦးကမူ “ကျွန်မကတော့ ကလေးကို ဇွန် ၁ရက်ကည်းက ကျောင်းလိုက်ပို့ပါတယ်။ အရင်နှစ်တွေကလို လူ ကြုံတို့၊ ကျောင်းတို့နဲ့တော့ မဟုတ်ဘူးပေါ့။

နေ့စဉ်ပဲ ကိုယ့်မိသားစုဝင်တစ်ဦးဦးထဲက အတဲ့သူ  လိုက်ပို့ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ကလေးက ပတ်ဝန်းကျင်ရဲ့ စကားသံတွေကြားတာ နဲ့ ကျောင်းသွားရဲမှာ မဟုတ်ဘူးလေ။ ဒါတောင် ပြီးခဲ့တဲ့ အပတ်တုန်းက ကျောင်းကို သူ ရဲရဲ တင်းတင်း မသွားရဲသေးဘူး၊ အခုတစ်ပတ်တော့ကျောင်းက သူငယ်ချင်းတွေနဲ့လည်း ရင်းနှီးသွားပြီ ဆိုတော့ ကျောင်းသွားရတာ သိပ်ကြောက်တဲ့ပုံ မပေါ်တော့ဘူး။ ကျွန်မတို့ကတော့ ကလေးတွေရဲ့ ပညာရေးကို နှောင့်နှေးစေချင်ဘူး။ ပြီးခဲ့တဲ့ ပညာသင်နှစ်တုန်းကလည်း ကိုဗစ်-၁၉ ကြောင့် ကလေးတွေ တစ်နှစ် အသက်ကြီးခဲ့ရပြီးပြီ။ အခု ကျောင်းတွေပြန်ဖွင့်ပြန်တော့လည်း စိတ် ခံစားမှုကိုလိုက်ပြီး လုပ်နေကြရင် တကယ် နစ်နာမှာက ကိုယ့်ကလေးတွေပဲလေ။ အဲဒါကြောင့် ဒီတစ်နှစ်တော့ အမျိုးသားနဲ့တိုင်ပင်ပြီး ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ကလေးကို တောင်တော့ ထားဖြစ်

အောင် ထားကြမယ်ဆိုပြီး ထားတာပါ။ အခုဆို သမီးက သတ္တမတန်း စနစ်သစ်တက်နေတာဖြစ်လို့ သူတို့ကြရင် ၁၂ တန်းအထိဆိုတော့ နှစ်တွေက များမှာလေ။ အဲဒီအချက်တွေကိုလည်း ထည့်တွက် လိုက်တာ ပါပါတယ်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်က အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကျောင်းများ၊ ကောလိပ်များအပါအဝင် အသက်မွေး ဝမ်းကျောင်းသင်တန်းအားလုံးကို ကိုဗစ်-၁၉ ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့၍ ပညာသင်နှစ် တစ်နှစ် လက်လွတ်ဆုံးရှုံးခံခဲ့ရသည်။

ထပ်တိုးလက်ခံပေးလျက်ရှိ သို့ဖြစ်၍ လတ်တလော နိုင်ငံတစ်ဝန်း အခြေခံ ကျောင်းအများစုမှာ ရာခိုင်နှုန်း ထက်ဝက်မျှ ကျောင်း အပ်နှံထားကြသော်လည်း ကျောင်းသို့ လာရောက် ပညာသင်ကြားနေသော ကလေးများမှာ ယခင်နှစ် များကဲ့သို့ အပြည့်အဝ တက်ရောက်လာခြင်းမရှိသေး ကြောင်းနှင့်ဆက်လက်၍ ကျောင်းအပ်နှံမှုကို ရက် ထပ်တိုး လက်ခံပေးလျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။ ။

စိန်လွင်အောင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်