အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန


Ministry of Social Welfare, Relief & Resettlement / July 24, 2022

လုပ်ငန်းတာဝန်များ


ပုံမှန်အခြေအနေတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ  ဆောင်ရွက်ရန်၊
  • မိုးလေဝသဆိုင်ရာ ထူးခြားသောသတင်းအချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရှိသော သတင်းအချက်အလက်များအား အထက်အကြီးအကဲများသို့ ချက်ချင်းတင်ပြ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့  အမြန်ဆုံးသတင်းပေးပို့ ဖြန့်ဝေနိုင်ရန်၊
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်၊ 

အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • သတင်းအချက်အလက်များ အမြန်ဆုံးစုဆောင်း၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်ကာ ဆုံးဖြတ်ချက် ချမှတ်သူအတွက် လိုအပ်သော ထောက်ပံ့မှုပြုနိုင်ရန်၊
  • အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုအတွက် လိုအပ်သော လူအင်အား၊ ပစ္စည်း အင်အား သတ်မှတ်ဆုံးဖြတ်ပေးရန်၊

အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ပါ၀င်သောဌာနခွဲများ

  •  ဂြိုဟ်တုမှ ပုံရိပ်ဖမ်းယူ စူးစမ်းလေ့လာမှုဌာနခွဲ
  • ဘေးအန္တရာယ်ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုဌာနခွဲ
  • ဆက်သွယ်ညှိနှိုင်းရေးဌာနခွဲ
  • မှတ်တမ်းထိန်းသိမ်းရေးဌာနခွဲ



FAQs