လူ့အခွင့်အရေးဆိုင်ရာမြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးလုပ်ငန်းများ


Myanmar National Human Rights Commission / October 07, 2021

ကော်မရှင်၏ ရန်ပုံငွေဖြင့်ပြုလုပ်ခဲ့သော

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များကို လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲ (HR Talk) များကို ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၄ ဇန်နဝါရီလမှ ၂၀၁၆ ဖေဖော်ဝါရီလ အထိ (၆၃) မြို့သို့ သွားရောက် ဆောင်ရွက်နိုင်ခဲ့ပြီး တက်ရောက်သူ (၁၀၈၉၈) ဦး ကို အသိပညာပေး ဆွေးနွေးနိုင်ခဲ့ပါသည်။

အစိုးရဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာရရှိစေရေးအတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်၊ အထက် မြန်မာပြည် (ဇီးပင်ကြီး) နှင့် အောက်မြန်မာပြည် (ဖောင်ကြီး) တို့သို့ သွားရောက် ပို့ချခြင်းကို ၂၀၁၅ ခုနှစ်မှစ၍ အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်-

 

(က) အရာထမ်းလောင်းအခြေခံသင်တန်း ၃ ကြိမ် ၆၁၄ ဦး
(ခ) အရာထမ်းအခြေခံသင်တန်း ၆ ကြိမ် ၁၄၁၃ ဦး
(ဂ) အရာထမ်းငယ်အခြေခံသင်တန်း ၁ ကြိမ် ၃၉၇ ဦး
(ဃ) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ၆ ကြိမ် ၅၁၉ ဦး
(င) အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ၃ ကြိမ် ၁၁၈ ဦး
(စ) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း ၁ ကြိမ် ၃၅ ဦး
(ဆ) ရဲအရာရှိများ အထူးမွမ်းမံသင်တန်း ၁ ကြိမ် ၂၅၀ ဦး
(ဇ) တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများသင်တန်း ၄ ကြိမ် ၂၁၀၆ ဦး
(စျ) အခြေခံ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း ၁၁ ကြိမ် ၁၄၉၇၇ ဦး
(ည) စာရေးဝန်ထမ်းအခြေခံသင်တန်း ၁ ကြိမ် ၂၇၇ ဦး
  စုစုပေါင်းဝန်ထမ်း  ၃၇ ကြိမ် ၂၀၇၀၆ ဦး
       
       

ထို့အပြင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်း တက်ရောက်နေသည့် တပ်မတော် အဆင့်မြင့် အရာရှိကြီး ၈၀ ဦးကိုလည်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြော ပေးခဲ့ပါသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။ စုစုပေါင်း အရာရှိ၊ အရာထမ်းနှင့် ဝန်ထမ်း အင်အား (၈၃၆၇) ဦး တက်ရောက်ခဲ့ကြပါသည်။

(က)    စက်တင်ဘာ ၇ မှ ၁၀ အထိ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန။

(ခ)     စက်တင်ဘာ ၁၄ မှ ၁၇ အထိ။ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံး။

(ဂ)     စက်တင်ဘာ ၂၁ မှ ၂၃ အထိ။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန။

(ဃ)    စက်တင်ဘာ ၂၈ မှ အောက်တင်ဘာ ၁ အထိ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန။

(င)     အောက်တိုဘာ ၅ မှ ၈ အထိ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန။

(စ)     အောက်တိုဘာ ၁၂ မှ ၁၅ အထိ ။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေ့ချုပ်ရုံး။

(ဆ)    အောက်တိုဘာ ၂၃ ။ လွှတ်တော်သုံးရပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး။

၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပြုလုပ်ခဲ့သော လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲ၊ အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများ

စဉ် အကြောင်းအရာ မှတ်ချက်
၁။ အစိုးရအရာထမ်းများအတွက်လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး(၇) ခု၊ ပြည်နယ် (၇) ခုတွင် ပြုလုပ်ပြီး
၂။ လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲ မြို့နယ်ပေါင်း (၆၃) မြို့တွင် ပြုလုပ်ပြီး
၃။ အလုပ်ရုံ ဆွေးနွေးပွဲ/ သင်တန်းများ(ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းပူးပေါင်း) (၃၆) ကြိမ်
၄။ ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁၄) ကြိမ်

 

ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute (RWI) ၏ ထောက်ပံ့ကူညီမှုဖြင့် ပြုလုပ်ခဲ့သော လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲများ

ပြည်နယ် (၇) ခုနှင့် တိုင်းဒေသကြီး (၇) ခု၊ နေပြည်တော် ကောင်စီနယ်မြေ (၁) ခု စုစုပေါင်း (၁၅) ခုကို ဆောင်ရွက်ခဲ့ရာ အစိုးရဝန်ထမ်းဦးရေ (၇၂၉) ခန့်ကို လူ့အခွင့်အရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ် ပါသည်။

ထို့အတူ အောက်ခြေ (ရပ်ကွက်ကျေးရွာ) အဆင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်၊ နေပြည်တော်၊ လယ်ဝေး၊ မန္တလေးတို့တွင် (၁၄) ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ လူထု (၅၉၇) ဦးခန့်ကို အသိပညာ ပေးနိုင်ခဲ့ပါသည်။

ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute (RWI) ၏ ထောက်ပံ့ကူညီမှုဖြင့် ပြုလုပ်ခဲ့သော လူ့အခွင့်အရေး အသိပညာပေးအစီအစဉ်များ

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား အများပြည်သူ အလွယ်တကူ သိရှိနားလည် လက်ခံ ကျင့်သုံးလာစေရေးအတွက် ရုပ်သံဇာတ်လမ်းများ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ကြိုးပမ်းလျက် ရှိရာ ၂၀၁၅ ခုနှစ်အတွင်း၌ UDHR အပိုဒ် ၂၆ (အခြေခံပညာရေးတွင် အခမဲ့ဖြစ်ရမည်) နှင့် ပတ်သက်၍ ရုပ်သံဇာတ်လမ်းတို တစ်ခုကို ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါသည်။

Website လိပ်စာ

http://www.mnhrc.org.mm/

FAQs