Amyotha Hluttaw

Amyotha Hluttaw | Jun 24, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | JUN 21, 2022

၂၀၂၀ ပြည့်နှစ်ကတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာမှာ အပြောင်းအလဲများစွာ ရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှု ပြင်းထန်လာခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့ခြင်း စတဲ့အခြေအနေတွေက ကမ္ဘာ့စီးပွားရေးကို အကျဘက်ဆွဲခေါ်သွားခဲ့ပြီး နိုင်ငံအများစုဟာ မိမိတို့နိုင်ငံရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြင်းအထန်ကုစား ဆောင်ရွက်ခဲ့ ကြရပါတယ်။ အပြုသဘောဆောင်တဲ့ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီချက် (Regional Comprehensive Economic Partnership-RCEP) လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းကလည်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်ကို ပြန်လည်အားကောင်းလာစေပြီး COVID-19 အလွန် စီးပွားရေးပြန်လည် ထူထောင်မှု အတွက် အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ရပါတယ်။ နိုင်ငံရေးမျက်နှာစာကို ပြန်ကြည့်လိုက်ရင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု၊ ဂျပန်ဝန်ကြီးချုပ် အပြောင်းအလဲနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒင် ရွေးချယ်ခံ ရမှုတွေဟာလည်း ပထဝီနိုင်ငံရေး မျက်နှာစာမှာ စိတ်ဝင်စားဘွယ်ရာ မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။