တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် အတွင်း ကြည့်ရှုလေ့လာ

ကဏ္ဍများ





တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် အတွင်း ကြည့်ရှုလေ့လာ

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၃

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက် တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr.Dionisio da Costa Babo Soares ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သည် ယနေ့တွင် နေပြည် တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြန်မာ့ကျောက်မျက် ရတနာ ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ရှေးဦးစွာ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နှင့်အဖွဲ့သည်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိ ကြပြီး ဥပ္ပါတသန္တိ စေတီတော်လှိုဏ် အတွင်းရှိ ဗုဒ္ဓရုပ် ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ကာ ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ အလှူငွေများပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်သို့ သွားရောက်၍ ကျောက်မျက်ပြခန်းဆောင်နှင့် ကျောက်မျက်ရတနာဈေးတို့တွင် ပြသထားသော မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတများကို ကြည့်ရှု လေ့လာ ကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ညပိုင်းတွင် နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ဘန်ကောက်မြို့သို့ပြန်လည် ထွက်ခွာသွားသည်။

(သတင်းစဉ်)

 

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •