မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ကဏ္ဍများ





မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၃

 

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။

 

ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ် (၂၁၀၁)မှ (၃၁၀၈)အထိ ကျောက်စိမ်း အတွဲပေါင်း ၁၀၀၈ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ၉၇၅ တွဲကို ငွေကျပ် ၂၀၀၅၇ ဒသမ ၇၃၄ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

 

အဆိုပါ ပြပွဲကို ဇွန် ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဇွန် ၁၀ ရက်တွင် ကျောက် မျက်အတွဲ ၂၆၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ ခဲ့ရာ ကျောက်မျက် အတွဲ ၄၉ တွဲကို ငွေကျပ် ၃၆၂ ဒသမ ၀၉၉ သန်းဖြင့်လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၀၅၀ အထိ အတွဲပေါင်း ၁၀၅၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၁၀၃၈ တွဲကို ငွေကျပ် ၁၈၈၀၀ ဒသမ ၁၆၅ သန်းဖြင့် လည်းကောင်း၊ ဇွန် ၁၂ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် (၁၀၅၁) မှ (၂၁၀၀) အထိ အတွဲပေါင်း ၁၀၅ဝတွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၉၉၈ တွဲကို ငွေကျပ် ၂၁၆၇၁ ဒသမ ၉၇၉ သန်းဖြင့် လည်းကောင်း ရောင်းချနိုင်ခဲ့သည်။

 

ယနေ့အထိ ကျောက်မျက်အတွဲ စုစုပေါင်း ၄၉ တွဲနှင့် ကျောက်စိမ်း အတွဲ စုစုပေါင်း ၃၀၁၁ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီး ညနေ ပိုင်းတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီး စီးခဲ့သည်။

 

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်း ကုန်သည်ငယ်များ ကုန်ကြမ်း ရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေရရှိရန်အတွက် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြပွဲတွင် ပုတီး၊ လက်ကောက်များ ပြုလုပ်နိုင်ရန်တွက် အရွယ် အစားနှင့်အမျိုးအစား စုံလင်သည့် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

 

သတင်း- မော်စီ

ဓာတ်ပုံ- ထိန်နန်နော်

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •