ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ဆက်ရုံးများကြည့်ရှုစစ်ဆေး

ကဏ္ဍများ





ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ဆက်ရုံးများကြည့်ရှုစစ်ဆေး

Ministry of Information/ ​ ပြည် / June 13, 2019
image_latest


 

နေပြည်တော်    ဇွန် ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် နံနက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပြည်မြို့ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝါတိုင်များနှင့် အဆောက်အအုံများရှိ မိုးကြိုးလွှဲများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိနေစေရေး စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအား  မိုးကြိုးအန္တရာယ် အသိပညာပေးရန်၊ စက်ရုံအတွင်းရှိ သက်တမ်းကြာမြင့်ပြီဖြစ် သော NEC စက်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ပြီး စနစ်တကျအသုံးပြုရေး ဂရုပြုဆောင်ရွက်ရန်နှင့် စက်ရုံ မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင် ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ခရိုင်နှင့် ပေါင်းတည်မြို့နယ် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက်များကိုလည်းကောင်း၊ မွန်းလွဲ ပိုင်းတွင် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက်များကိုလည်းကောင်း၊ ညနေပိုင်း တွင် သာယာဝတီ ခရိုင် ပြန်/ဆက်ရုံးနှင့် စာကြည့်တိုက် များကို လည်းကောင်း  ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက လူထုအခြေပြုဗဟိုဌာန ( Community Centre ) များအဖြစ် ပြောင်းလဲ ဆောင်ရွက် လျက်ရှိရာတွင် အများပြည်သူ ဝင်ထွက် သွားလာပြီး အသုံးပြုနိုင် ရန် အတွက် အဆောက်အအုံများ ကြံ့ခိုင် မှုကောင်းမွန်ရေးနှင့် သာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ရုံးဝန်းအတွင်းနှင့် ရုံးရှေ့ မျက်နှာ စာများတွင် မြေလွတ်မြေလပ်များရှိပြီး အခြေအနေပေးပါက ကျန်းမာရေး လေ့ ကျင့်ခန်းများ ပြုလုပ် နိုင်ရေး အားကစားပစ္စည်းများ တပ်ဆင်ပေးရန်၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များကို စနစ်တကျ ဖြည့်ဆည်း ထိန်းသိမ်းပြီး စာကြည့် တိုက်သုံးစွဲသူများ ပိုမိုစိတ်ဝင်စားစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ကလေးစာဖတ်ခန်း အတွက် စာအုပ်စာစောင်များ ဖြည့်တင်းပေးမှုအပြင် ကလေးကစားစရာများ ဖြည့်ဆည်း ပေးရန်၊ အခြေအနေပေးပါက ကလေးကစားကွင်းများ ဖောက်လုပ်ပေးရန်နှင့် နယ်မြေဒေသ အတွင်းရှိ ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •