Content with NATION Ministry of Planning and Finance times .

နောက်ဆုံးရသတင်းများ



အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန Website www.nam.gov.mm ၌ အမျိုးသားရေးရာတန်ဖိုးနှင့် သမိုင်းတန်ဖိုးရှိ မော်ကွန်း/ မှတ်တမ်း e-Resources များအား (၉-၆-၂၀၂၀) ရက်နေ့မှ စတင်၍ Online အသုံးပြု ရှာဖွေခြင်းဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီဖြစ်

Posted on June 08, 2020

အများပြည်သူအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ Website ဖြစ် သည့် www.nam.gov.mm တွင်မော်ကွန်းတိုက်ပိုင်စာရင်းဝင် မော်ကွန်းမှတ်တမ်း e-Resources များ ကို ၉-၆-၂၀၂၀ ရက်နေ့မှ စတင်၍ Online အသုံးပြု ရှာဖွေခြင်း ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ စုဆောင်းထား သော မော်ကွန်းမှတ်တမ်း သတင်းအချက်အလက်များကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန Website Homepage ရှိ Online အသုံးပြု ရှာဖွေနိုင်မည့် (Discover Archives) တွင် အချိန်တိုအတွင်း လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် Road Accident VICTIMS Protection Co.,Ltd. (RVP), Thai General Insurance Association (TGIA) တို့အကြားနားလည်မှုစာချွန်လွှာ MoU ရေးထိုး

Posted on March 13, 2019

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် Road Accident VICTIMS Protection Co.,Ltd. (RVP), Thai General Insurance Association (TGIA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအခမ်းအနားကို မြန်မာ့အာမခံ လုပ်ငန်း ရုံးချုပ်(ရန်ကုန်)၌ ယနေ့ (၁၂.၃.၂၀၁၉) နံနက် (၁၁:၀၀) နာရီတွင် ကျင်းပရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Nopadol Santipakorn နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံစမ်းသပ်စီမံကိန်းနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Posted on December 19, 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံစမ်းသပ်စီမံကိန်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(၁၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အရာထမ်းဝန်ထမ်းများ၊ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်းဝန်ထမ်းများ၊ အာမခံဒီဇိုင်းနှင့် နည်းပညာအကူအညီပေးသော Sompo Japan Nipponkoa Insurance Inc. ဂျပန်အာမခံကုမ္ပဏီမှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Keiji Okada နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်၊ စပါး ကုန်သည်ကြီးများအသင်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။