Content with NATION Ministry of Immigration & Population times .

နောက်ဆုံးရသတင်းများ



ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

Posted on January 14, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၁၄-၁-၂၀၂၁ ရက်နေ့ (၁၀:၀၀) နာရီအချိန် တွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ILO မှ Liaison Officer Mr. Donglin Li တို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးသို့တက်ရောက်

Posted on December 04, 2020

Video Conferencing ဖြင့် ကျင်းပသည့် (၁/၂၀၂၀) ကြိမ်အမြောက် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မှ အဖွင့်အမှာစကားပြောကြားစဉ်