Content with NATION Ministries times .

နောက်ဆုံးရသတင်းများ



Test Hosting

Posted on January 10, 2024

Myanmar News(10.1.24)

Posted on January 10, 2024

Test Content

Posted on January 09, 2024

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း

Posted on May 16, 2023

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကိုစစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် NUG ၏ လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများကို ဥပဒေမဲ့ တရားမဝင်ဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပါသည်။