အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Sports and Youth Affairs / June 23, 2022

နေပြည်တော်၊ ဇွန်(၁၈) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများ လိုက် ပါ၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးစီးပြီဖြစ်သော အောင်မြေမန္တလာ ဘော လုံး အားကစားကွင်း၊ ရွှေမန်းတောင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံနှင့် ဗထူးအားကစားကွင်းတွင် အသစ်တည် ဆောက်မည့် မိုးလုံလေလုံအားကစားရုံမြေနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ် မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ အောက်ခြေကြမ်းခင်းများခင်းကျင်းရာတွင် ရေရှည်တည်တံ့ ခိုင်မြဲစေရန် စနစ်တကျရှိစေရေး သေချာကြပ်မတ်စိစစ်၍ စစ်ဆေးဆောင်ရွက်သွားရန် လိုကြောင်းနှင့် လုပ်ငန်းများ သတ်မှတ်ကာ လ အတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည် များကို ဦးစီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘောလုံးကွင်းအား အမြဲတမ်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်များကောင်းမွန်အောင် စီစဉ်ဆောင်ရွက် ထားရှိရန်၊ ကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပွဲကြည့်စင် ထိုင်ခုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ဘောလုံးအားကစားကွင်းနှင့် ကွင်းပတ်ဝန်းကျင်၊ ရုံးနှင့် ရုံးပတ်ဝန်းကျင် စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊  ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ အားကစားကို အချိန်မရွေး လာရောက်လေ့ကျင့်ကစားနိုင်ရေးအား ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိရန်နှင့် မိုးလုံလေလုံ အားကစားရုံအတွင်း ခိုငှက်များမဝင်ရောက်နိုင်အောင် အကာအရံများ ပြင်ဆင်ဆောင်ရွက် ထားရှိရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ထားကြရန်နှင့် လစဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ပြုလုပ်ဆောင်ရွက်နိုင်ရေး သေချာကြီးကြပ်ဆောင်ရွက်ထားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်ခရိုင်ကွင်းတွင် အသစ်တည်ဆောက်မည့် အားကစားကွင်းပွဲကြည့်စင်မြေနေရာများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေမှူး ဦးနိုင်လင်းအောင်၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး ဦးတင်မောင်မောင်စိုး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ရုံးဝန်ထမ်းများ၊ နည်းပြအရာရှိများ၊ နည်းစနစ်မှူးများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်မှ ကျောင်း၏လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့်ဝန်ထမ်းများမှလည်း မိမိတို့၏အခက်အခဲများ၊ လိုအပ်ချက်များ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ တင်ပြချက်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ ကျောင်းအတွင်းလှည့်လည်စစ်ဆေးခြင်းနှင့် သင်တန်းသား/ သင်တန်းသူများ၏ အိပ်ဆောင်များအား လှည့်လည်စစ်ဆေးခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အားကစားထူးချွန်မှုအလိုက် ချီးမြှင့်မြောက်စားမှုများပြုလုပ်နေသည့်အတွက် မိမိဝါသနာပါရာ အားကစားနည်းအလိုက် ထူးချွန်အောင် မြင်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားထားသည့်အတိုင်း မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် မလျော့သော ဇွဲ၊ လုံ့လတို့ဖြင့် ယခုကတည်းက အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီးနောက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။



FAQs

Services (Online) - 0 items

No Data Available