ရှားပါးကြယ်လိပ်များကို လောကနန္ဒာဘေးမဲ့တော၌ မွေးမြူပြီး မူရင်းဒေသသို့ ပြန်လွှတ်ပေးနေ





ရှားပါးကြယ်လိပ်များကို လောကနန္ဒာဘေးမဲ့တော၌ မွေးမြူပြီး မူရင်းဒေသသို့ ပြန်လွှတ်ပေးနေ


Ministry of Information/ ညောင်ဦး / December 26, 2018
image_latest


ညောင်ဦး ဒီဇင်ဘာ ၂၅

ကမ္ဘာ့ရှားပါးမျိုးစိတ် တစ်ခုဖြစ်နေသော ကြယ်လိပ်များကို မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ လောကနန္ဒာ ဘုရား အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ လောက နန္ဒာဘေးမဲ့တော ဥယျာဉ်တွင် အောင်မြင် စွာ ထိန်းသိမ်းမွေးမြူ မျိုးပွားကာ ဒေသ ရင်းနေရပ်များသို့ ပြန်လွှတ်ပေးနေ ကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ထံမှ သိရသည်။
အဆိုပါ ဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန သဘာဝ ပတ်ဝန်း ကျင်နှင့် သားငှက်တိရစ္တာန် ထိန်းသိမ်းရေးဌာနက ၁၉၉၅ ခုနှစ်မှစ၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ် တွင် ဘေးမဲ့တော ဥယျာဉ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
ထိုဘေးမဲ့တောဥယျာဉ်၌ လက်ရှိ အချိန်တွင် ကမ္ဘာ့ရှားပါးကြယ်လိပ် ၅ဝဝ၁ ကောင် ထိန်းသိမ်းမွေးမြူထားနိုင်ပြီး ကြယ်လိပ်ဥအလုံးရေ ၁၈၁၇ လုံးအထိ ဥနေပြီဖြစ်ကြောင်း၊ ကြယ်လိပ် တစ်ကောင်သည် တစ်နှစ်လျှင် ငါးက်ြိမ် အထိ ဥဥကာ လိပ်မဒန်းနှင့် အသက်ကြီး လိပ်များမှာ ဥနှုန်းလျော့နည်းပြီး တစ်နှစ် လျှင် နှစ်ကြိမ်မှ သုံးကြိမ် အထိသာ ဥကြောင်း၊ ဥနှုန်းမှာ တစ်ကြိမ်လျှင် တစ်လုံး မှ ၁၆ လုံး အထိ ဥလေ့ရှိကြောင်း ကြယ်လိပ်ခြံတာဝန်ခံ ဦးကျော်အောင် က ရှင်းပြသည်။

ကြယ်လိပ်များသည် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မိတ်လိုက်ကြပြီး စက် တင်ဘာလမှ မတ်လကုန်အထိ ဥဥတတ် ကြောင်း၊ မေလနောက် ဆုံးပတ်မှစ၍ ဇွန်လကုန်အထိမှာ သားပေါက်ချိန်ဖြစ် ကြောင်း၊ ကြယ်လိပ်များသည် အစုံစား သတ္တဝါများဖြစ်ပြီး ပန်းဂေါ်ဖီ၊ မုန်လာ ထုပ်၊ ခါကြက်ဥ၊ ကန်စွန်းရွက်များကျွေးရ ကြောင်း၊ လောက နန္ဒာ ဘေးမဲ့တော ဥယျာဉ်မှ ကြယ်လိပ်များကို နေရင်း ဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဘေးမဲ့တော သို့ အကောင်ရေ ၈ဝဝ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်မှ မင်းစုံတောင် သဘာဝ ဘေး မဲ့တော ဥယျာဉ်သို့လည်း အကောင်ရေ ၃၅ဝ ကို ယခုနှစ်အတွင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် တွင် သစ်ပင်အမျိုး ၉ဝ ကျော်ရှိပြီး သဘာဝပေါက်ပင် ၄၂ မျိုး၊ စိုက်ပျိုးထား သည့် သစ်ပင် ၄၈ မျိုးရှိကာ မြန်မာ နိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ အတွင်း နေပြောက် မထိုးနိုင်လောက် အောင် ကြီးမားပြီး အလွန်မြင့်မား လှသည့် သစ်ပင်မျိုးနွယ်များရှိရာ ဒေသဖြစ်သည်။
အဆိုပါ ဘေးမဲ့တော ဥယျာဉ်ထဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း တွင်သာရှိ သည့် ရှားပါးကြယ်လိပ်များကို စနစ် တကျ ခြံခတ်မွေးမြူ ထားသလို မြန်မာ နိုင်ငံ တစ်နိုင်ငံတည်းတွင်သာရှိသော ရှားပါး တိုက်လိပ် ၇၄ ကောင်၊ ရှားပါး ရွှေသမင် သုံးကောင်နှင့် ဥဒေါင်းများ ကိုလည်း ကြည့်ရှုလေ့လာနိုင်မည် ဖြစ် သည်။
ထို့ကြောင့် ပုဂံဒေသသို့ ဘုရားဖူးရင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်အတွင်း သို့ မိသားစုလိုက်၊ အစုအဖွဲ့လိုက် အပန်းဖြေ လာရောက်နိုင် သလို အပင်မျိုးစိတ်များ၊ သတ္တဝါများကို စာတမ်းပြုစု ချင်သူများ အနေဖြင့်လည်း ပုဂံ-ညောင်ဦး မိုးနည်း ရပ်ဝန်းဒေသ၏ လောကနန္ဒာ အိုအေစစ် သို့ လာရောက်နိုင်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)