အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမလေးရှားနိုင်ငံတွင် ကျင်းပသည့်(၂၅) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးတက်ရောက်





အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမလေးရှားနိုင်ငံတွင် ကျင်းပသည့်(၂၅) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးတက်ရောက်


Ministry of Immigration & Population/ နေပြည်တော် / November 28, 2018
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့်အတူ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးစဉ်


နေပြည်တော်၊ နိုဝင်ဘာလ ၂၈ ရက်

          အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပလျှက်ရှိသည့် (၂၅) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖွင့်ပွဲသို့ ယနေ့ နံနက်ပိုင်းတွင် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးအခမ်းအနားဖွင့်ပွဲတွင် မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီး MR Kula Segran က အဖွင့််အမှာစကားပြောကြား၍ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများနှင့်အာဆီယံနိုင်ငံများမှအဆင့်မြင့်အလုပ်သမားအရာရှိကြီးများတက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ၂၀၁၆ ခုနှစ်၊ မေလကကျင်းပခဲ့ သော ၂၄ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးပြီးချိန်မှစ၍ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးများ၊ အာဆီယံအသိုက်အဝန်း ကောင်စီအစည်းအဝေးများနှင့် အခြားသော ဆက်စပ်အာဆီယံအစည်းအဝေးများမှ အလုပ်သမားရေးရာနှင့် သက်ဆိုင်သောဆုံးဖြတ်ချက် များကိုမှတ်တမ်းတင်ခြင်း၊ ၂၀၁၇ ခုနှစ်၊ မေလကစင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့်  ၁၃ ကြိမ်မြောက် အာဆီယံအဆင့်မြင့် အလုပ်သမားအရာရှိကြီးများအစည်းအဝေးနှင့့်် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့်  ၁၄ ကြိမ်မြောက် အာဆီယံအဆင့်မြင့် အလုပ်သမားအရာရှိကြီးများ အစည်းအဝေးအစီရင်ခံစာများကို အတည် ပြုခြင်း၊ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့်“ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာအာဆီယံသဘောတူညီချက်” အကောင်အထည်ဖော်ရေး၊ ၂၀၁၇ ခုနှစ်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကမ္ဘာ့ညီလာခံတွင် အာဆီယံအလုပ်သမား ဝန်ကြီးများလက်မှတ်ရေးထိုးခဲ့သော“ ရေရှည်တည်တန့်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးတိုးတက်မှုဆိုင်ရာအာဆီယံအလုပ်သမား ဝန်ကြီးများကြေညာချက်” အကောင်အထည်ဖော်ရေး၊ ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် အာဆီယံခေါင်းဆောင်များအတည်ပြုချမှတ်ခဲ့သော “အာဆီယံဒေသတွင်း သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးမြှင့်ရေး အတွက် စုစည်းမှု မရှိသော/သမားရိုးကျမဟုတ်သောအလုပ်အကိုင်မှ စုစည်းမှုရှိသော/သမားရိုးကျ အလုပ်အကိုင်သို့ ကူးပြောင်းရေးဆိုင်ရာ ဗီယန်ကျင်း ကြေညာစာတမ်း” အကောင်အထည်ဖော်ရေးနှင့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ အတည်ပြု ချမှတ်ခဲ့သော “အာဆီယံအသိုက်အဝန်း၏ အလုံးစုံတိုးတက်မှုနှင့် ညီမျှမှုအတွက် အစိမ်းရောင် အလုပ်အကိုင်များတိုးမြှင့်ရေးဆိုင်ရာ အာဆီယံကြောညာစာတမ်း” အကောင်အထည်ဖော်ရေး တို့ကို ဆွေးနွေးခဲ့ကြပြီး  ၂၆ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။