ဆိုက်ရောက်ဗီဇာ

Visa On Arrival


Ministry of Labour, Immigration & Population / September 13, 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိလာမည့် ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီး သင်္ဘောများ၏ ခရီးစဉ်ခွင့်ပြုချက် နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူရမည်။

၎င်းခရီးစဉ်ခွင့်ပြုချက်နှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တဆင့် အပျော်စီးသင်္ဘောနှင့် အတူပါရှိမည့် ခရီးသည်များအနက် ဗီဇာမပါရှိသူများအား ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival) ခွင့်ပြုပေးနိုင်ရေးအတွက် အမည်စာရင်း၊ နိုင်ငံကူးလက်မှတ်အမှတ်တို့နှင့် တကွ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ကြိုတင်လျှောက်ထားရမည်။

ဗီဇာအမျိုးအစားများ
Type of Visas
နေခွင့်
(Duration of Stay)
ဗီဇာကြေး
Fees
လုပ်ငန်းဗီဇာ (Business Visa) 70 Days 50 USD
အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ
(Workshop/ Seminar/ Meeting/ Research Visa)
28 Days 40 USD
ဖြတ်သန်းဗီဇာ (Transit Visa) 24 Hours 20 USD
ယာဉ်အမှုထမ်းဗီဇာ (Crew Visa) 28 Days 40 USD

Contact Address

Ministry of Labour, Immigration and Population

Website Address

www.mip.gov.mm

မေးလေ့ရှိသောမေးခွန်းများ

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •