ရဲတပ်သားသစ်တစ်ယောက် ဖြစ်ရန် လိုအပ်ချက်များ


Ministry of Home Affairs / October 05, 2021

(က) ပြည်နယ်/တိုင်း၊ တပ်ဖွဲ့ဝင်များအတွက် ရဲတပ်သားသစ်စုဆောင်းရမည့် အရည်အချင်း သတ်မှတ် ချက်များ-

(၁) ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
(၂) ပညာအရည်အချင်း ၁၀ တန်းအောင်နှင့် အထက် ဖြစ်ရမည်။
(၃) အရပ်အမြင့် ၅ ပေ ၃ လက်မနှင့်အထက်ရှိသူဖြစ်ရမည်။
(၄) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(၅) ပါတီနိုင်ငံရေး ကင်းရှင်းသူဖြစ်ရမည်။
(၆) မျက်မြင် ၁၂ ချက်နှင့် ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
(၇) အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက်မကျော်သူဖြစ်ရမည်။

(ခ ) နယ်စပ်ဒေသ ရဲစခန်းများ အတွက် ရဲတပ်သားသစ် စုဆောင်း ရမည့် အရည်အချင်း သတ်မှတ် ချက်များ-

(၁) ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
(၂) ပညာအရည်အချင်း ၄ တန်းအောင်နှင့် အထက်ရှိသူဖြစ်ရမည်။
(၃) အရပ်အမြင့် ၅ ပေနှင့် အထက်ရှိသူ ဖြစ်ရမည်။
(၄) ဒေသခံဘာသာစကား တတ်ကျွမ်းသူဖြစ်ရမည်။
(၅) နယ်စပ်၊ တစ်ဖက်နိုင်ငံဘာသာစကား ရေး/ဖတ်/ ပြောတတ်သူဖြစ်ရမည်။
(၆) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
(၇) ဒေသတွင်းအမြဲတမ်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(၈) ပါတီနိုင်ငံရေးကင်းရှင်းသူဖြစ်ရမည်။
(၉) အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကျော်သူဖြစ်ရမည်။

(ဂ ) ရဲတပ်ရင်းများအတွက် ရဲတပ်သားသစ်စုဆောင်းရမည့် အရည်အချင်း သတ်မှတ် ချက်များ-

(၁) ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
(၂) ကြံ.ခိုင်ကျန်းမာသူဖြစ်ရမည်။
(၃) ပညာအရည်အချင်း ၆ တန်းနှင့်အထက် ရှိသူ ဖြစ်ရမည်။
(၄) အရပ်အမြင့် ၅ ပေ ၃ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
(၅) အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ်ထက်မကျော်သူ ဖြစ်ရမည်။
(၆) ပါတီနိုင်ငံရေး ကင်းရှင်းသူဖြစ်ရမည်။
(၇) မျက်မြင်(၁၂)ချက်နှင့် ပြည့်စုံကောင်းမွန်သူ ဖြစ်ရမည်။
(၈) ရဲတပ်ရင်းတွင် အမြဲတမ်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဃ) မှုခင်းတပ်ဖွဲ့အတွက် ရဲတပ်သားသစ်စုဆောင်းရမည့် အရည်အချင်း သတ်မှတ်ချက်များ-

(၁) ဥပဓိရုပ် ကောင်းသူဖြစ်ရမည်။
(၂) ပညာအရည်အချင်း ၁ဝ တန်းအောင်နှင့် အထက်ရှိသူ ဖြစ်ရမည်။
(၃) အရပ်အမြင့် ၅ ပေ ၃ လက်မနှင့် အထက်ရှိသူ ဖြစ်ရမည်။
(၄) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
(၅) ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ရမည်။
(၆) မျက်မြင် ၁၂ ချက်နှင့် ပြည့်စုံကောင်းမွန်သူ ဖြစ်ရမည်။
(၇) အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက်မကျော်သူ ဖြစ်ရမည်။


ရဲတပ်သားသစ် (အမျိုးသမီး)များ ခန့်ထားရေး အတွက် အောက်ဖော်ပြပါ အရည် အချင်းများ နှင့် ပြည့်စုံ ရမည်။

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) ၁-၅-၂၀၁၃ နေ့တွင် အသက် (၁၈)နှစ်ထက်မငယ် (၂၅)နှစ်ထက်မကြီးရ။
(ဂ ) အရပ်အနည်းဆုံး ၅ ပေ ၂ လက်မနှင့်ကိုယ်အလေးချိန် အနည်းဆုံး (၁၀၀) ပေါင်ရှိရမည်။
(ဃ) ပညာအရည်အချင်း အနည်းဆုံး ဒဿမတန်းအောင်မြင်သူဖြစ်ရမည်။
(င ) ပါတီနိုင်ငံရေးကင်းရှင်းရမည်။
(စ ) နယ်ဘက်တရားရုံးများတွင် မှုခင်းကင်းရှင်းသူဖြစ်ရမည်။
(ဆ) ကိုယ်အင်္ဂါချို့ယွင်းသူများ မဖြစ်စေရ။
(ဇ ) သတ်မှတ်ထားသော ဆေးစစ်ခြင်းကို အောင်မြင်သူဖြစ်ရမည်။
(ဈ ) မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်

(က) အခြေခံပညာ ၁ဝ တန်းအောင်လက်မှတ် မိတ္တူ၊
( ခ ) ဘွဲ့ရဖြစ်ပါက အခြေခံပညာ ၁ဝ တန်းအောင်လက်မှတ် မိတ္တူနှင့် ဘွဲ့ရလက်မှတ် မိတ္တူ၊
( ဂ ) ပြစ်မှုကင်းရှင်းကြောင်းနှင့် ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။
(ဃ) အိမ်ထောင်မရှိ အပျိုဖြစ်ကြောင်းဝန်ခံချက်၊
( င ) အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ကြောင်း ဝန်ခံချက်၊
( စ ) ရဲတပ်သားသစ်အဖြစ် ခန့်အပ်ခြင်းခံရပါက (၃)နှစ်အတွင်း အိမ်ထောင်မပြုကြောင်း ဝန်ခံချက်၊
(ဆ) သင်တန်းပြီးဆုံး၍ တာဝန်ပေးအပ်ပါက မည်သည့်ဒေသတွင်မဆို (၅)နှစ်တာဝန်ထမ်းဆောင် နိုင်ကြောင်း၀န်ခံချက်။
( ဇ ) ပါတ်စပို့စ် ဓါတ်ပုံ (၄)ပုံ။

Website လိပ်စာ

https://policeforce.gov.mm/

FAQs