ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)

Services (Offline) - 1 items Explore more

Apply for Industrial Training Centers

Ministry of Industry / April 24, 2018

Rating

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)


Commissions & Committees / June 23, 2022

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / OCTOBER 24, 2019

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

"ဂ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-

အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်သက်တမ်း(၃)လပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

 ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်) ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်း သင်တန်းကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

 "ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏"ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။

 "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း(၂)နှစ် ပြည့်ပြီးသူ(သို့မဟုတ်) တစ်ဆက်တည်း“ခ” ယာဉ်မောင်းလိုင်စင်(၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် ”ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။

အခြား တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။ 

ဝန်ဆောင်ခ

ယာဉ်မောင်းစစ်ဆေးခ

လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-

ယာဉ်ငှားရမ်းခ

 "ခ"၊ "ဃ" တစ်ကြိမ်အတွက်      ၅၀၀ဝိ/-

"င" တစ်ကြိမ်အတွက်             ၁၀၀၀ဝိ/-    

Simulator တစ်ကြိမ်အတွက်    ၅၀၀ဝိ/-

Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

"ခ"လိုင်စင်ဖြေဆိုသူများ

သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)

QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"ဃ"လိုင်စင်ဖြေဆိုသူများ

"ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"င "လိုင်စင်ဖြေဆိုသူများ

"ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိ သည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

လျှောက်ထားရန်အဆင့်များ

            အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -

          (က)    လာရောက်ဖြေဆိုမည့်ရုံးအမည်၊

          (ခ)     ရယူလိုသည့်လိုင်စင်အမျိုးအစား၊

          (ဂ)     လာရောက်ဖြေဆိုမည့်နေ့၊

          (ဃ)    လာရောက်ဖြေဆိုမည့်အချိန်၊

          (င)     လက်ရှိလိုင်စင်အမှတ်၊

          (စ)     လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

Online Booking ရယူရန်အတွက်

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။         

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက

ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

www.rtad.gov.mm

ဖြည့်စွက်ချက်

ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေ ဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊

အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်း သွားစေ ရန်အတွက် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ပါသည်။



FAQs