သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်လျှောက်ထားခြင်း(ရဟန်း/သီလရှင်)


Ministry of Religious Affairs & Culture / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(က) နှစ်စဉ် ဇွန်လ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများသို့ ဘွဲ့တံဆိပ်တော်လျှောက်ထားလွှာများ တင်ပြနိုင်ရေး အတ္ထုပ္ပတ္တိ ဖြည့်သွင်း ပုံစံများ နှင့်တကွ ပေးပို့ရမည်။

(ခ)   တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးမှူးရုံးများက မိမိတို့ ကြီးကြပ်မှုအောက်ရှိ ခရိုင်/ မြို့နယ်သာသနာရေးမှူးရုံးများသို့ မိမိဒေသအတွင်း ဘွဲ့တံဆိပ်တော် အဆိုပြုလိုသည့် သံဃာတော်နှင့် သီလရှင်များရှိပါက တင်ပြပေးနိုင်ရေး အကြောင်းကြားရမည်။

(ဂ)  သက်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဂုဏ်အင်္ဂါအရည်အချင်းနှင့်ပြည့်စုံသည့် သံဃာတော်နှင့် သီလရှင်များက ဘွဲ့တံဆိပ်အဆိုပြုလွှာ၌ဖော်ပြရမည့် ထေရုပ္ပတ္တိကိုယ်ရေးအကျဉ်းနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ထောက်ခံချက်၊ တိုင်းဒေသကြီး /ပြည်နယ် သာသနာရေးမှူးတို့၏ထောက်ခံချက်များဖြင့် ဓာတ်ပုံ ၄ ပုံ(ထိုင်လျက်)၊ လိုင်စင် ဓာတ်ပုံ ၄ ပုံ ပါဝင်စေလျက် သက်ဆိုင်ရာမြို့နယ်သာသနာရေး မှူးရုံးသို့ အဆိုပြုလွှာ တင်ရမည်။

(ဃ) မြို့နယ်အဆင့် သံဃနာယကအဖွဲ့၊ သာသနာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ခရိုင်အဆင့်သို့ ဆက်လက် တင်ပြရမည်။

(င)  ခရိုင်အဆင့် သံဃနာယကအဖွဲ့၊ သာသနာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးရုံးသို့ ပေးပို့ရမည်။

(စ)  အဆိုပြုလွှာများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သော ဘွဲ့တံဆိပ်တော် စိစစ်ရေးအဖွဲ့က စိစစ်ရွေးချယ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်သို့ပေးပို့ရမည်။

(ဆ) ဘွဲ့တံဆိပ်တော်ပဏာမစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ရွေးချယ်တင်ပြလာသော လျှောက်လွှာများကို စိစစ်ပြီး ပဏာမ စာရင်းသွင်းခြင်း ဆောင်ရွက်ရမည်။

(ဇ)  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာ နိုင်ငံသတင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ ပါဝင်သော အဖွဲ့ဖြင့် အစည်းအဝေးပြုလုပ်၍ ပဏာမစာရင်းကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံသတင်း တပ်ဖွဲ့မှူးရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သို့ပေးပို့၍ ကိုယ်ရေး နောက်ကြောင်း စိစစ်ရမည်။

(ဈ)  ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းများ ပါဝင်သည့် နယ်မြေ ကွင်းဆင်းစိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ စေလွှတ်၍ ဘွဲ့အဆိုပြု သူများ၏ မြေပြင်အခြေအနေအမှန်ကို စိစစ်ရမည်။

(ည) ဆက်လက်၍ အဖွဲ့အသီးသီး၏စိစစ်တင်ပြမှုများအရ ရွေးချယ် လျာထားသည့် ဆရာတော်များစာရင်းကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစီး ပါဝင်သည့် ဘွဲ့တံဆိပ်တော်စိစစ်ရေး အဖွဲ့ဖြင့် ထပ်မံစိစစ်ရမည်။

(ဋ)  ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစီး ပါဝင်သော ဘွဲ့တံဆိပ်တော်စိစစ်ရွေးချယ်ရေး အဖွဲ့ဖြင့် ထပ်မံစိစစ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ရမည်။

(ဌ)  ယင်းလျာထားစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ဒုတိယသမ္မတ ဦးဆောင်သော ဘွဲ့ထူးဂုဏ်ထူးများစိစစ်ရေးအဖွဲ့က ထပ်မံစိစစ် ရွေးချယ်ကာ အတည်ပြုရွေးချယ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့၌ အမိန့်ကြော်ငြာစာဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ရရှိသူများ စာရင်းကို ကြေညာရမည်။

(ဍ)  သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ရရှိသည့်ပုဂ္ဂိုလ်များကို တပေါင်း လပြည့်နေ့တွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းရမည်။

လိုအပ်သော စာရွက်စာတမ်းများ

(က) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် လျှောက်ထားသည့် ရဟန်း သံဃာတော်/ သီလရှင်၏ ဘွဲ့တံဆိပ်အဆိုပြုလွှာ ၂ စုံ။

(ခ) ထေရုပ္ပတ္တိ/အတ္ထုပ္ပတ္တိ(လျှောက်ထားသည့်ဘွဲ့၊ ဂုဏ်အင်္ဂါအရည်အချင်း အလိုက်)

(ဂ)  ထိုင်လျက်သင်္ကန်းရုံ ၄×၆(အဖြူအမည်း)ဓာတ်ပုံ ၂ ပုံ။

(ဃ) ကိုယ်တစ်ပိုင်းပုံ ၁×၁.၂၅ (ရောင်စုံ)ဓာတ်ပုံ ၄ ပုံ။

(င)  သံဃနာယကအဖွဲ့၏ထောက်ခံချက်။

(စ)  သာသနာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး အဆင့်ဆင့်တို့၏ စိစစ် ထောက်ခံချက်များ။

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

 သက်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဂုဏ်အင်္ဂါအရည်အချင်းနှင့် ပြည့်စုံသည့် သံဃာတော်နှင့် သီလရှင်များက ဘွဲ့တံဆိပ်အဆိုပြုလွှာ၌ဖော်ပြရမည့် ထေရုပ္ပတ္တိကိုယ်ရေးအကျဉ်းနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ထောက်ခံချက်၊ တိုင်းဒေသကြီး /ပြည်နယ် သာသနာရေးမှူးတို့၏ထောက်ခံချက်များဖြင့် ဓာတ်ပုံ ၄ ပုံ(ထိုင်လျက်)၊ လိုင်စင်ဓာတ်ပုံ ၄ ပုံ ပါဝင်စေလျက် သက်ဆိုင်ရာမြို့နယ်သာသနာရေး မှူးရုံးသို့ အဆိုပြုလွှာတင်ရမည်။

အဆင့် ၂

မြို့နယ်အဆင့် သံဃနာယကအဖွဲ့၊ သာသနာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ခရိုင်အဆင့်သို့ ဆက်လက် တင်ပြရမည်။

အဆင့် ၃

ခရိုင်အဆင့် သံဃနာယကအဖွဲ့၊ သာသနာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးရုံးသို့ ပေးပို့ရမည်။

ဝန်ဆောင်ခ

အခမဲ့

ဆက်သွယ်ရမည့်လိပ်စာ

သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်သာသနာရေးမှူး ရုံးများ

Website လိပ်စာ

မရှိပါ။



FAQs