ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ရခိုင်ပြည်နယ်အတွင်း NGO,INGO များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရခိုင်ပြည်နယ်အစိုးရရော၊ ရခိုင်ပြည်နယ်လွှတ်တော်ပါ သိသင့်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ မှတ်ချက်ပြုပြောကြား
*******************************

ရင်းနှီးမြှုပ်နှံမှု၊ လာရောက်အကူအညီပေးမှုကိစ္စရပ်များတွင် ရခိုင်ပြည်နယ်အစိုးရမှ သိသင့်သလို ရခိုင် ပြည်နယ်လွှတ်တော်ကိုလည်း အသိပေးဝေငှသင့်ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှ ဒီကနေ့(၂၀-၉-၂၀၁၈)ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

“အမှန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်တို့ဆိုတာ ရခိုင်ပြည်နယ်အတွင်း လုပ်သမျှလုပ်ငန်းတွေကို သိဖို့လိုအပ်တယ်။ ဘယ်အဖွဲ့အစည်း ဘယ်ဌာနက လာလုပ်လုပ် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် သိကိုသိရမယ်။ သက်ဆိုင်ရာကလည်း အသိပေးသင့်တယ်။ ရခိုင်ပြည်နယ်တွင် လုပ်သည့် ကိစ္စတစ်ခုကို ရခိုင်ပြည်နယ်အစိုးရသိစရာမလိုဘူးဆိုတာ လုံးဝဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်သင့် ပါဘူး” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြောသည်။

ဆက်လက်ပြီး ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေသည့်ကိစ္စရပ်များတွင် လျှို့ဝှက်သည့် ကိစ္စမှလွဲ၍ ရင်းနှီးမြှုပ်သည့်ကိစ္စ၊ လာရောက်အကူအညီပေးသည့် ကိစ္စရပ်များတွင် မည်သည့်အဖွဲ့အစည်း၊ မည်သူကလာရောက်သည်၊ မည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် ထောက်ပံ့နေသည်ဆိုသည်ကို ပြည်နယ်အစိုးရအနေဖြင့် သိရှိထားသင့်ပါကြောင်း၊ လိုအပ်လာပါက ပြည်နယ်အစိုးရနဲ့ လွှတ်တော်ပူးပေါင်းပြီး ထောက်ပြသင့်သည်များကို ထောက်ပြရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့်လည်း လွှတ်တော်တွင် အသိပေးဝေငှသင့်ပါကြောင်း၊ ထို့ကြောင့် NGO INGO များ၏အကူအညီပေးသည့်ကိစ္စရပ်များတွင် သိနိုင်အောင် အစိုးရအဖွဲ့အနေဖြင့် ကြိုးစားသင့်ကြောင်း ပြောကြားခဲ့သည်။

NGO, INGO များ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော်လည်း တစ်ချို့ကိစ္စရပ်များတွင် မည်သည့် နေရာ၌ မည်သို့ဆောင်ရွက်နေသည်ကို ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် မသိရှိရကြောင်း၊ မည်မျှကူညီသည် မည်မျှရင်းနှီးသည်ကိုလည်း အစိုးရအဖွဲ့ရော ရခိုင်ပြည်နယ်လွှတ်တော်ကိုပါ အသိပေးသင့်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် သိရှိအောင်ကြိုးစားပြီး ပြည်နယ်လွှတ်တော်ကို မျှဝေပေးရမည် ဖြစ်ပါကြောင်း၊
ဤသည်မှာ ရခိုင်ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ပါကြောင်း၊ တစ်ချို့ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်မှ သိရှိရသည်များလည်းရှိပါကြောင်း၊ တစ်ချို့အဖွဲ့အစည်းများအနေဖြင့် လွှတ်တော်သို့လာရောက်အသိပေးမှုများလည်းရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်သည့်အခါတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးပြီး ပူးပေါင်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများလည်းရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ လာရောက်အကူအညီပေးမှုကိစ္စရပ်များအစိုးရအနေဖြင့် သိရှိအောင်ကြိုးစားပြီး ရခိုင်ပြည်နယ်လွှတ်တော်အား ဝေငှရန် တိုက်တွန်းလိုကြောင်းဖြင့် မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ၆ လတာကာအတွင်း ရရှိခဲ့သည့် ဘဏ္ဍာရန်ပုံငွေများအပြင် အခြားမှရငွေ(ဥပမာ - နိုင်ငံခြားအဖွဲ့အစည်းမှ လှူဒါန်းငွေ၊ နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေ၊ ပြည်ပမှ ထောက်ပ့ံငွေစသည်)များ၏ ငွေကြေးပမာဏကို သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးကျော်အေးသိန်း ဖြေကြားမှုနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ကြာသမတေးနေ့ နံနက် ၁၀ နာရီအချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေရေးရာနှင့်အခြားကိစ္စရပ်များ ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဦးကျော်လွင် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး)၊ ဦးဝင်းမြင့် (စည်ပင်သာယာရေးဝန်ကြီးဌာန)၊ ဦးကျော်အေးသိန်း(ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး)၊ ဦးအောင်ကျော်ဇံ(လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) တို့ တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၆ ဦးအနက် ၃၉ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး အခမ်းအနားမှူးအဖြစ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်က ဆောင်ရွက်ပြီး တွဲဖက်အခမ်းအနားမှူးအဖြစ် ဦးစီးအရာရှိ ဦးကျော်သန့်လွင်တို့က ဆောင်ရွက်ခဲ့သည်။

အစီအစဉ်အရ ဦးကျော်ဝင်း(မြောက်ဦး-၂)၊ ၊ ဦးဇော်ဇော်မြင့်(ဘူးသီးတောင် -၁)၊ ဦးအောင်ဝင်း(မြေပုံ-၁) တို့က မေးခွန်း (၁)ခုစီနှင့် ဦးဖိုးစံ(ကျောက်ဖြူ-၂)၊ ဦးကျော်လွင်(ကျောက်ဖြူ-၁) တို့ကမေးခွန်း(၂)ခုစီ စုစုပေါင်းမေခွန်း(၇)ခုမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးများက ဖြေကြားခဲ့သည်။

ဆက်လက်ပြီး “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)”နှင့် ပတ်သက်၍ ဥပဒေပြုကော်မတီမှ အဖွဲ့ဝင် ဦးသိမ်းမောင်(မာန်အောင်-၁)ကလည်းကောင်း၊ “၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာ”အား ဥပဒေပြုရေးကော်မတီ အတွင်းရေးမှူး ဦးဖိုးစံ(ကျောက်ဖြူ-၂)တို့က တင်သွင်းခဲ့ပြီး ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

ထို့နောက် “ရခိုင်ပြည်နယ်(၁၇)မြို့နယ်တွင် ဝိသမလောဘသားများ၏ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် ရခိုင်လူငယ်များ၏ မူးယစ်ဆေးဝါးအန္တရာယ်ကို ယခုထက်ပိုမိုကောင်းမွန်သော အစီအမံများဖြင့် တားဆီးကာကွယ်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့တိုက်တွန်းကြောင်းအဆို” အား မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးထွန်းသာစိန်မှ တင်သွင်းခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းအောင်သိန်းမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်သဘောထား ရယူကာ ဆက်လက်ဆွေးနွေးရန် သဘောတူကြောင်းကြေညာခဲ့သည်။

ဆက်လက်၍ “ရခိုင်ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း ဥပဒေ(မူကြမ်း)”အား ခေါင်းစီး၊ နိဒါန်း၊ အခန်း၊ အပိုဒ်၊ အပိုဒ်(ခွဲ)အလိုက် ဥပဒေပြုရေး ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းအောင်(မင်းပြား-၂)က တင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ရပြီး ဥပဒေ (မူကြမ်း)အား အတည်ပြုခဲ့သည်။

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •