လှိုင်သာယာမြို့နယ်၌ မီးလောင်မှု
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
လှိုင်သာယာမြို့နယ်၌ မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / October 26, 2018
လှိုင်သာယာမြို့နယ်၌ မီးလောင်မှု
၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ၂၁၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ဦးမြဲလမ်းထောင့်၊ စက်မှုဇုန်အပိုင်း(၃)၊ အကွက် အမှတ်(၃/၄)ရှိ AA အီလက်ထရောနစ်စက်ရုံတွင် မီးလောင်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၄၇)စီး၊ ရေသယ်ယာဉ်(၂၉)စီး၊ အုပ်ချုပ်မှုယာဉ်(၁၁)စီး၊ အထောက်အကူပြုယာဉ် (၁၉)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ် လျက်ရှိပြီး မီးလောင်မှုကြောင့် AA အီလက်ထရောနစ်စက်ရုံပိုင် (၁၀၀x၁၅၀)ပေ အဆောက်အဦ(၁)လုံးနှင့် (၁၅၀x၁၅၀)ပေ အဆောက်အဦ(၁)လုံး၊ စုစုပေါင်းအဆောက်အဦ(၂)လုံး မီးလောင်ကျွမ်းလျက်ရှိကြောင်းနှင့် ၀၂၁၅အချိန်တွင်မီးထိန်းနိုင်ပြီး ၀၇ ၂၀အချိန်တွင်မီးငြိမ်းခဲ့ပါသည်။
မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်ဆုံးရှုံးသည့် ပစ္စည်းနှင့်တန်ဖိုး၊ အရေးယူခံရသူနှင့် (ပ) နံပါတ် တို့မှာ(စုံစမ်းဆဲ)ဖြစ်ပြီး မီးလောင်မှုအား မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးလောင်နေစဉ် မီးငြှိမ်းသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များမှ ရေဂါ လန် (၅၀၀၀၀၀)၊ မီးကြွင်းမီးကျန်များအား ရေဂါလန် (၁၀၀၀၀၀)၊ စုစုပေါင်းရေဂါလန် (၆၀၀၀၀၀) အသုံးပြု၍ သန္ဓေ ကျား(၅၇၇)ဦး၊ မ(၂၅)ဦးနှင့် အရန်(၁၂၂)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Online မှ တစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲသော မီတာယူနစ်နှင့် အသုံးပြုခ စစ်ဆေးခြင်း
Mandalay City Development Committee / September 30, 2021
အွန်လိုင်း လျှောက်ထားနိုင်ပါသည်။
အီလက်ထရောနစ်ဖြင့်ကုမ္ပဏီ မှတ်ပုံတင်ခြင်း
Mandalay Region Government / September 30, 2021
အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ် မိတ္တူမှန်၊ အီလက်ထရောနစ်စနစ်ဖြင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ...