Myanmar National Energy Statistics ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ

Myanmar National Energy Statistics ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 13, 2019
image_latest


နေပြည်တော် မတ် ၁၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန နှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ စွမ်းအင်စာရင်းအင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေးနှစ်စီမံကိန်း (၂၀၁၆-၁၇ ခုနှစ် မှ ၂၀၁၉-၂၀၂၀) အစီအစဉ်အရ Myanmar National Energy Statistics ထုတ်ပြန်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော် စီမံကိန်းများ အကောင် အထည်ဖော်ရန် သုံးသပ်နိုင်ရေးအတွက် အချိန်ကာလအပိုင်းအခြားအရ တိကျခိုင်မာသည့် စာရင်းဇယားများအပေါ်များစွာ တည်မီနေကြောင်း၊ ပြည်စုံသည့်သတင်းအချက် အလက်များသည် စီမံကိန်းများအကောင်အထည်ဖော် နိုင်ရေးအတွက် အသက်သွေးကြောသဖွယ် အထူးအရေးကြီးကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် လုံလောက်ပြီးပြည့်၀ တည်ငြိမ်သည့် လျှပ်စစ်စွမ်းအားပံ့ပိုးနိုင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်မူဝါဒနှင့် စီမံချက်များ ချမှတ်နိုင်ရေးအတွက် Myanmar National Energy Statistics သည် အထူး လိုအပ်ကြောင်း၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ဝန်ကြီးဌာနများနှင့် ERIA တို့မှ အနာဂတ်မြန်မာ့ စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်ကူညီပံ့ပိုးပေးရန် တိုက်တွန်းကြောင်း၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့သော ဂျပန်နိုင်ငံ အစိုးရနှင့် ERIA အဖွဲ့တို့အား ကျေးဇူးတင်ကြောင်း ပြောကြားသည်။

National Energy Statistics ပြုစုခြင်း၏ ရည်ရွယ်ချက်မှာလိုအပ်ချက်အား ပံ့ပိုးပေးနိုင် သည့် အခြေခံစွမ်းအင်အရင်းအမြစ်များ၊ ပြောင်းလဲပြုပြင်အသုံးပြုနိုင်သည့် စွမ်းအင်များနှင် စွမ်းအင်သုံးစွဲမှု ပမာဏတို့ အပေါ်အခြေခံသော Energy Balance Tables အားပြုစု၍ Energy Policy အရ စွမ်းအင်ဖူလုံရေးနှင့် ရေရှည်အသုံးပြုနိုင်ရေး အစီအမံနှင့် လုံခြုံပြည့်၀သော စွမ်းအင်ဖြည့်ဆည်း ပံ့ပိုးနိုင်ရေးသုံးသပ်နိုင်ရန်ရည်ရွယ်၍ ပြုစုခြင်းဖြစ်သည်။

သတင်းစဉ်

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •