ပြည်ထောင်စု ရှေ့နေချုပ်သည် ဗြိတိန်နိုင်ငံမှ ဥပဒေပညာရှင် Sir Jeffrey Jowell QC အား တွေ့ဆုံ

ပြည်ထောင်စု ရှေ့နေချုပ်သည် ဗြိတိန်နိုင်ငံမှ ဥပဒေပညာရှင် Sir Jeffrey Jowell QC အား တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / March 12, 2019
image_latest


နေပြည်တော် မတ် ၁၂

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံမှ ဥပဒေပညာရှင် Sir Jeff- reyJowell QC အား ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဥပဒေရေးရာနှင့် တရားစီရင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပြီး အဆိုပါညီလာခံမှရရှိသည့် အကြံပြုချက်များ၊ ဆွေးနွေးမှုရလဒ်များ အပေါ် အခြေပြုရေးဆွဲခဲ့သည့် “ပြည်သူ့ အတွက် တရားမျှတမှု” မဟာဗျူဟာ စီမံကိန်း (၂၀၁၉-၂၀၂၃) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ တရား ဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့်အဖွဲ့ခွဲများ၏ လုပ်ငန်းများ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန် ရေးအတွက် ရှေ့နေများ၏ အခန်းကဏ္ဍ၊ UNDP နှင့် IDLO တို့၏ တရားဥပဒေစိုးမိုးရေး စင်တာများမှ ဥပဒေ အသိပညာပေး လုပ်ငန်းများ၊ MyJustice နှင့် IBJ တို့၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများတွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)