ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း(IOM)မှ Chief of Mission , Mr. Akio Nakayama နှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း(IOM)မှ Chief of Mission , Mr. Akio Nakayama နှင့်တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 28, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၈

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission, Mr. Akio Nakayama တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ဒုတိယ ၅ နှစ်တာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၊ ခိုင်မာသော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အလုပ်သမားရွှေ့ပြောင်းသွား လာခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများ တိုးမြှင့် ရရှိ စေခြင်း(တွဲလက်စီမံချက်) နှင့် MILDAS Project တို့အရ ရွှေ့ပြောင်းသွား လာရန် အလား အလာရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရွှေ့ ပြောင်းသွားလာသူများနှင့်ယင်းတို့၏ မိသားစုဝင် များအား ရွှေ့ပြောင်း သွားလာခြင်းမပြုမီ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ အသိပညာပေးသင်တန်း၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းနှင့် ကျွမ်း ကျင်မှုအရည် အသွေးတိုးတက် မှုဆိုင်ရာသင်တန်းများနှင့် အလုပ် အကိုင် ချိတ်ဆက် ပေးခြင်း၊ ရွှေ့ပြောင်းအလုပ် သမားများနှင့် ယင်းတို့၏မိသားစု ဝင်များအား ရွှေ့ပြောင်းသွားလာခြင်း မှရှိလာသည့် အကျိုးဖြစ် ထွန်းမှု စီမံခန့်ခွဲ ခြင်းတို့အပေါ် အသိပညာပေးခြင်းဆိုင်ရာသင်တန်းနှင့် ငွေကြေး ဆိုင်ရာစီမံခန့်ခွဲမှု တတ်မြောက်ရေး သင်တန်းများ ပူးပေါင်းဆောင်ရွက် နေမှု၊ IOM မှ ပေးပို့လာသည့် ၂၀၁၉ Work Plan အားမူအားဖြင့် သဘော တူထားရှိပြီးအသေးစိတ် အချက်အလက်များအားလုပ်ငန်းအဖွဲ့များ ဖြင့် ဆက်လက် ဆွေးနွေးဆောင်ရွက်သွားမည့်အခြေအနေ၊ MRC ရုံးများ၏ လုပ်ငန်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

(သတင်းစဉ်)