နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာနဝန်ကြီး မစ္စတာ ဆုန့်ထောင်းနှင့် တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာနဝန်ကြီး မစ္စတာ ဆုန့်ထောင်းနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 28, 2019
image_latest


နေပြည်တော်၊ ဩဂုတ် ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသောနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေသည် ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ
တကာ ဆက်ဆံရေးဌာနဝန်ကြီး မစ္စတာ ဆုန့်ထောင်း အား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ အကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မစ္စတာဆုန့်ထောင်းတို့သည် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးနှင့် လာမည့်နှစ် နိုင်ငံသံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့်အခါသမယတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမိုမြင့်တင်ရန် နှစ်နိုင်ငံလုံးက ဆန္ဒရှိကြောင်းကို လည်း ထပ်လောင်း အတည်ပြု ပြောကြားကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မစ္စတာဆုန့်ထောင်းက ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Ref: Myanmar State Counsellor Office