ရန်ကုန်၊ အမ်း နှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်း ကျော် ဖမ်းဆီးရမိ

ရန်ကုန်၊ အမ်း နှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်း ကျော် ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 28, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၈

ရန်ကုန်၊ အမ်း နှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်း ကျော် ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင် နှင့် ကြည်ခိုင်ဆိုသူ နှစ်ဦးအား သတင်းအရ ရှာဖွေစစ်ဆေးရာ စိတ်ကြွရူး သွပ် ဆေးပြား ၄၀၀ ဖမ်းဆီးရမိပြီး ထွက်ဆိုချက်များအရ ၎င်းတို့ မူးယစ် ဆေးဝါးဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ် ဇလွန်လမ်းနေမအေးအေးဝင်း (ခ)စုလှိုင်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် မအေးအေးဝင်း(ခ)စုလှိုင်၏ ထွက်ဆိုချက်အရ ၎င်းမူးယစ်ဆေး ဝါး ဝယ်ယူခဲ့သော ဒဂုံ ဆိပ်ကမ်းမြို့နယ် ရတနာအိမ်ရာ(၁)ရှိ မခိုင်ခိုင် နှင့် နိုင်နိုင်ထွန်း မောင်နှမနှစ်ဦး ငှားရမ်းနေထိုင် သောနေအိမ်ကို ဆက်လက် ရှာ ဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၇၈၀ ကို လည်းကောင်း၊ ထပ်မံ စစ် ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ရန်ကုန်-စစ်တွေ ခရီးသည်တင် မင်းထက်သာယာဉ်လိုင်း ယာဉ်အမှတ် 6C / ... ၏ ယာဉ်ပစ္စည်း တင် အကန့်အတွင်းမှ စစ်တွေသို့ ပို့ဆောင်ရန် အပ်နှံထားသော အဝတ်အထည်များနှင့် ရောနှော ထားသည့် ဆာလာအိတ် ၇ အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း ကို လည်းကောင်း၊ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် အမ်းမြို့ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ စစ်တွေသို့ ထွက်ခွာလာသည့် မင်းထက်သာယာဉ် အမှတ် 6C/ ... ယာဉ်ပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေး ပြား ၇ ဒဿမ ၅ သိန်း နှင့် မင်းပြားမြို့ ရာမောင်တံတားကူးနေရာ၌ လေးဝတီယာဉ် 5Q /.. ပေါ်တွင် ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ် ဆေးပြား ၇၄၉၉၇၅ပြား ကို လည်းကောင်း ရှာဖွေ တွေ့ ရှိခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် ၈၀၂၇၈ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၆ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ မခိုင်ခိုင်၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၁၅ ခုနစ် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့် အဖွဲ့ ဝင်ဖြစ်ခဲ့ပြီး စည်းရုံးလူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေး အတွက် မူးယစ်ဆေးဝါးတရား မဝင် သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ကိုင် လျက်ရှိကြောင်း၊ ရန်ကုန်-စစ်တွေ ခရီး သည်တင်ယာဉ်များကို အသုံးပြု၍ ယခင်က လည်း မူးယစ်ဆေးဝါး ၅ ကြိမ်ခန့် သယ်ယူ ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း ဖော် ထုတ်သိရှိရပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး၊ တရား ဥပဒေ နှင့် အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်

အထူးသတင်း
  • Testing Latest News Upload
  •           
  • Testing for Latest news dma 16.8.2019
  •           
  • npt
  •           
  • breaking news
  •           
  • သင်ကြားခြင်း
  •           
  • MYANMAR NATIONAL TRAIN-IMPLEMENT COURSE
  •           
  • ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
  •           
  • News 1111
  •           
  • လိုင်စင်ရရှိပြီး ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီစာရင်း
  •           
  • မြန်မာအမျိုးသားလေကြောင်းမှ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုးအစရှိတဲ့ မြို့များသို့ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။
  •