ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ


Ministry of Information/ ​နေပြည်တော် / June 05, 2019
image_latest


နေပြည်တော် ဇွန် ၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့သို့ National Enlightenment Institute- NEI ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်မှ တစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၄၈ ဦး တက်ရောက်လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း ၅၂၇၇၁ ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ သုံးရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
သတင်းစဉ်