ရွှေ (၁)၊ ငွေ (၄)၊ ကြေး (၂) ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာပြေးခုန်ပစ်အသင်း ပြန်လည် ရောက်ရှိ

ရွှေ (၁)၊ ငွေ (၄)၊ ကြေး (၂) ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာပြေးခုန်ပစ်အသင်း ပြန်လည် ရောက်ရှိ


Ministry of Information/ ​နေပြည်တော် / May 24, 2019
image_latest


ရန်ကုန် မေ ၂၃

 

ထိုင်းနိုင်ငံတွင် မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ထိုင်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲ (Thailand Open Track & Field 2019) ၌ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့မှ အေးအေးအောင်က မီတာ(၁၅၀၀ (၄:၅၅.၃၄) ဖြင့် ရွှေတံဆိပ်(၁)ခု၊ ဆွေလီမြင့် မီတာ(၈၀၀) (၂:၁၅.၁၉) ဖြင့် ငွေတံဆိပ်(၁)ခု၊ အေးအေးအောင်/ ဆွေလီမြင့် /သီသီမွန်/အေးအေးသန်းတို့က မီတာ (၄၀၀ x ၄) (၃:၅၈.၀) ဖြင့် ငွေတံဆိပ် (၁)ခု၊ အမျိုးသားမီတာ (၃၀၀၀) တားဆီးကျော် (၉:၅၇.၃၄) ဖြင့် ငွေတံဆိပ် (၁)ခု၊ အမျိုးသား မီတာ (၁၅၀၀)ရှိုင်းအောင် (၄:၀၁.၆၆) ဖြင့် ငွေတံဆိပ်(၁)ခု၊ သီသီမွန်က မီတာ (၄၀၀) (၅၇.၆၀) ဖြင့် ကြေးတံဆိပ်၊ အေးအေးသန်းက မီတာ (၁၅၀၀) (၄:၅၉.၇၄) ဖြင့် ကြေး တံဆိပ်ဖြင့် စုစုပေါင်း ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၂) ခုဆွတ်ခူး ရရှိခဲ့သည်။

 

အောင်ပွဲရအဖွဲ့ခေါင်းဆောင် ဦးသိန်းသန်းနိုင်(အား/ကာ) လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယမန်နေ့ည(၉)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေး မှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင် (နည်းစနစ်ချုပ်)၊ အတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သူများက ကြိုဆိုခဲ့ကြသည်။

 

(သတင်းစဉ်)