လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / May 24, 2019
image_latest


 

နေပြည်တော် မေ ၂၃

 

လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့အစည်းအဝေးတွင် ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြုံပြု တင်ပြရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အခြေခံဈေးနှုန်း အောက်နိမ့်ကျ နေမှုနှင့်စပ်လျဉ်း၍ ကာလတို၊ ကာလလတ် အစီအမံများရေးဆွဲထားရှိမှုကို ပြန်လည်တင်ပြရေးနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် စပါးတစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တစ်တင်းထုတ်လုပ်မှု ကုန်ကျစရိတ်တို့ကို အတည်ပြုနိုင် ရေးကိစ္စများကို တက်ရောက်လာကြသူများအနေဖြင့် အကြံပြုဆွေးနွေးကြရန်ပြောကြားသည်။

 

ထို့နောက် ဒုတိယဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး အဖွဲ့၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက အစည်းအဝေးသို့ တင်ပြထားသည့် အမှာစာများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး အဖွဲ့အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြ သည်။

 

(သတင်းစဉ်)