ဘားအံမြို့ ရွှေယဉ်မျှော်ဘုရားတွင် နှစ်စဉ်ကျင်းပမြဲ ညောင်ရေသွန်းနှင့်ပဲဆွမ်းလောင်းလှူပွဲကို (၇၁)ကြိမ်မြောက်ကျင်းပ

ဘားအံမြို့ ရွှေယဉ်မျှော်ဘုရားတွင် နှစ်စဉ်ကျင်းပမြဲ ညောင်ရေသွန်းနှင့်ပဲဆွမ်းလောင်းလှူပွဲကို (၇၁)ကြိမ်မြောက်ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 20, 2019


ဘားအံ - မေ(၁၈)

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်ကဆုန်လပြည့်နေ့ (၇၁)ကြိမ်မြောက် ကဆုန်လပြည့် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲနှင့့်် သံဃာတော်၊ သီလရှင်များအား ပဲမျိုးစုံလောင်းလှူပွဲကို မေလ(၁၈)ရက်နေ့၊ ညနေ(၃)နာရီမှ စတင်ကာ ဘားအံမြို့ ရွှေယဉ်မျှော်ဘုရားတွင် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက် ကုသိုလ်ပြုကြသည်။

 ယခင် ရွှေယဉ်မျှော်ပြည်တော်ဧဘုရား ဦးစီးနာယကဆရာတော်ဘုရားကြီကစလို့ ဒေသမှာရှိတဲ့ ကိုင်းလုပ်သော တောင်သူတွေ ကုသိုလ်ရအောင်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များ မှာ သတင်းသုံးနေကြတဲ့ ဆရာတော်သံဃာတော်တွေ၊ သာမနေ၊ သီလရှင်တွေ မိုးတွင်းကာလ ဆွမ်းဟင်းတွေအတွက် အဆင်ပြေအောင်ဆိုပြီး ပဲဆွမ်းလောင်းလှူပွဲကို စီစဉ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေးလူကြီးများရဲ့ အစဉ်အလာအတိုင်း ကဆုန်လပြည့်ရောက်တိုင်း ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲနဲ့အတူ ဒေသခံများရဲ့ အလှူဒါနကုသိုလ် တစ်ခုအဖြစ် ယခုလိုကိုင်းကျွန်း လယ်ယာများတွင် စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံများ၊ ပဲမျိုးစုံရိတ်သိမ်းခူးဆွတ်ချိန်တွင် သံဃာတော် အရှင်သူမြတ်များ၊ သာမနေများ၊ သီလရှင်များအား ပင့်ဖိတ် ကုသိုလ်ပြု လောင်းလှူပွဲပြုလုပ်ခဲ့ကြတာဆိုရင် (၇၁)ကြိမ်မြောက် တောင်ရှိသွားပြီ ဖြစ်ပါတယ်ဟု ရွှေယဉ်မျှော်ပြည်တော်ဧဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဦးကျော်သိန်းက ပြောကြားသည်။

 ဦးစွာ ရွှေယဉ်မျှော်ဘုရားမဟာဗောဓိညောင်ပင်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနများဆိုင်ရာများ၊ ဝတ်အသင်းများနှင့် ဒေသခံပြည်သူများက ကဆုန်းညောင်ရေသွန်း လောင်းလှူပူဇော်ကြသည်။ ဆက်လက်၍ ဘားအံမြို့စာသင်တိုက်များနှင့် ဘုန်းတော်ကြီး ကျောင်း(၄၈)ကျောင်းနှင့် သီလှရှင်စာသင်တိုက်(၁၂) ကျောင်းမှ ဆရာတော်သံဃာတော်၊သာမနေ (၁၅၀၀)ပါးနှင့် သီလရှင်(၂၀၀)ပါး စုစုပေါင်း(၁၇၀၀)ပါးတို့အား ရွှေယဉ်မျှော်ရင်ပြင်တော်အပြည့် ပဲမျိုးစုံအား လောင်းလှူ ခဲ့ကြကြောင်း သိရသည်။