ပြည်ထောင်စုတရားသူကြီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင်ကျင်းပသည့် “(၉)ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာဥပဒေဖိုရမ်”သို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

ပြည်ထောင်စုတရားသူကြီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင်ကျင်းပသည့် “(၉)ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာဥပဒေဖိုရမ်”သို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ


The Supreme Court of the Union/ Nay Pyi Taw / May 20, 2019


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Alexander Konovalov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “ (၉) ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာဥပဒေဖိုရမ် ” (IXth St. Petersburg International Legal Forum) ​​​​​​​သို့ တက်ရောက်ခဲ့ပြီးနောက် ယမန်နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါဥပဒေဖိုရမ်သို့ နိုင်ငံတကာမှ ဥပဒေပညာရှင်များ၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် ဆက်စပ်လျက်ရှိသည့် နယ်ပယ်များမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်၍ ယနေ့ဖြစ်ပေါ်လျက်ရှိသည့် ဥပဒေဆိုင်ရာပြဿနာများ၊ ကိစ္စရပ်များကို မျက်နှာစုံညီ ဆွေးနွေးခြင်း၊ ဟောပြောပို့ချခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် (၄)ရက်ကြာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“(၉)ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာဥပဒေဖိုရမ်” ကျင်းပသည့် ပထမနေ့တွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် အခမ်းအနားဖွင့်ပွဲသို့ တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Dmitry A. Medvedev က ဖိုရမ်တက်ရောက်လာသည့် နိုင်ငံများ၏ ကဏ္ဍအသီးသီးမှ အကြီးအကဲများနှင့် သီးခြားတွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့သည်။

ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း နယ်သာလန်နိုင်ငံရှိ The Hague Conference on Private International Law မှ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Christophe Bemasconi နှင့် သီးခြားတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

နိုင်ငံတကာဥပဒေဖိုရမ်တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြည်ထောင်စုတရားသူကြီးချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay Alistopadov ​​​​​​​နှင့် သံရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။