တတိယအကြိမ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 20, 2019


ဘားအံ - မေ ၁၇
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် တတိယအကြိမ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဘောလုံးအားကစားများ ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များအဖြင့် ကျင်းပသွားမည်ဖြစ်ရာ မေလ ၁၇ ရက်နေ့၊ ညနေ(၃)နာရီက ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ အောင်သံလွင်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းနား ကျင်းပခဲ့သည်။
 အခမ်းနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တက်ရောက်ကာ အဖွင့်အမှာစကားပြေကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တီးခတ်ပေးသော ဘားအံမြို့အခြေပညာအထက်တန်းကျောင်းများမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် ဘားအံကြက်ခြေနီတပ်ဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြင့်ခဲ့ကြပြီး ဖွင့်ပွဲပထမပွဲစဉ်အနေဖြင့် လျှပ်စစ်/စက်မှု/ပအိုဝ်းအသင်းဝန်ကြီးဌာနအသင်းနှင့် စိုက်/မွေး/ဆည်ဝန်ကြီးဌာန အသင်း ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးများ၊ ဌာဆိုင်ရာများနှင့် ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
 အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် လျှပ်စစ်/စက်မှု/ပအိုဝ်းအသင်း၊ စိုက်/မွေး/ဆည်ဝန်ကြီးဌာနအသင်း၊ လူမှုရေးဝန်ကြီးဌာနအသင်း၊ ထွေ/အုပ်ဘောလုံးအသင်း၊ တရားလွှတ်တော်အသင်း၊ လုံ/နယ်ဝန်ကြီးဌာနအသင်း၊ ဗမာ/မွန်ဝန်ကြီးဌာနအသင်း၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအသင်း၊ စီမံ/ဘဏ္ဍာ/စည်ပင်ဝန်ကြီးဌာနအသင်း စုစုပေါင်း အသင်(၉)သင်းသည် အုပ်စုပတ်လည် ပွဲစဉ်များဖြင့် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဇွန်လ(၃) ရက်နေ့တွင် ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကာ ဆုများချီမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။