မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၉ ဦး ရောက်ရှိမှု

မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၉ ဦး ရောက်ရှိမှု


Ministry of Home Affairs/ နေပြည်တော် / May 10, 2019


၂၀၁၉ခုနှစ်၊ မေလ ၉ ရက်နေ့ ၀၉၀၀ အချိန်မှ ၂၀၀၀ အချိန်ထိ မြဝတီမြို့ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၉ ဦး(ကျား ၂၇၆၊ မ ၁၅၃)တို့သည် မော်တော်ယာဉ် ၂၂ စီးဖြင့် ရောက်ရှိခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။