တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများအတွက် ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများအတွက် ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

Ministry of Information/ ​နေပြည်တော် / March 13, 2019
image_latest


နေပြည်တော် မတ် ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ JICA ODA Loan ဖြင့် ဆောင်ရွက် လျက်ရှိသော ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ်-၃) တည်ဆောက်ရေး စီမံကိန်းနှင့် အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ တံတားသုံးစင်း အဆင့်မြှင့် တည်ဆောက်ခြင်း စီမံကိန်း၏ Package-1 ဖြစ်သော ဂျိုင်း (ကော့ကရိတ်) တံတား တည်ဆောက်ရေးစီမံကိန်း Korea EDCF Loan ဖြင့် ဆောင်ရွက်လျက်ရှိသော ကိုရီးယား - မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်း အတွက် ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး JICA Myanmar Office မှ Senior Representative Mr. Kotaro Nishigata က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးစီမံကိန်း၊ အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်)တံတားနှင့် ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလ) တံတားတို့နှင့်စပ်လျဉ်းပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် စာချုပ်များကို လက်မှတ် ရေးထိုး လဲလှယ်ကြသည်။

တံတားဦးစီးဌာနမှ နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများဖြစ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းအား JICA ODA ချေးငွေ ဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် Loan Agreement လက်မှတ် ရေးထိုးခဲ့ပြီး JV of Nipppon Koei Co., Ltd နှင့် Consultant Contract အား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက် တွင် လက်မှတ်ရေးထိုး ခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်း Package -1 & 2 အတွက် Sumitomo Mitsui Construction Co., Ltd and Yokogawa Bridge Corporation JV နှင့် လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်း Package 3 အတွက် Tokyu Construction Co., Ltd နှင့် လည်းကောင်း ဆောင်ရွက်ရန် Contract Agreement အား ယနေ့တွင် လက်မှတ်ရေးထိုး ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလအနေဖြင့် Package - 1 & 2 အတွက် (၃၂) လနှင့် Package (3) အတွက် (၂၄) လ ကြာမြင့်မည်ဖြစ်သည်။

အရှေ့- အနောက်စင်္ကြံလမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနှင့် အတ္တရံတံတား တည်ဆောက်ခြင်းစီမံကိန်းအား JICA ODA ချေးငွေ ဂျပန် ယန်း ၃၃၈၆၉ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် Loan Agreement လက်မှတ် ရေးထိုးခဲ့သည်။ JV of Central Consultant Inc နှင့် Consultant Contract အား ၂၀၁၇ ခုနှစ် မတ် ၆ ရက်တွင် လက်မှတ်ရေးထိုးပြီး Package – 1 ဖြစ်သော ဂျိုင်း(ကော့ကရိတ်)တံတား၏ တည်ဆောက်ရေးအတွက် Hazama Ando and P.S Mitsubishi Construction Co., Ltd JV နှင့် Contract Agreement အား ယနေ့တွင် လက်မှတ်ရေးထိုး၍ ၂၇ လကြာ တည်ဆောက်မည်ဖြစ်သည်။

ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းအား Korea EDCF ချေးငွေ USD ၁၃၇ ဒသမ ၈၃၃ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် Loan Agreement လက်မှတ်ရေးထိုးရန် JV of Soosung engineering Co., Ltd နှင့် Consultant Contract အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေး ထိုးကာ တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် G.S Engineering & Construction Corp နှင့် Contract Agreement အား ယနေ့တွင် လက်မှတ်ရေးထိုးပြီး (၃၉)လကြာ တည်ဆောက်မည်ဖြစ်သည်။

သတင်းစဉ်

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •