ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဖြူးချောင်းရေလှောင်တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဖြူးချောင်းရေလှောင်တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန/ ပဲခူး / March 13, 2019
image_latest


နေပြည်တော် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းရေလှောင်တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင်ထားရှိမှုများကို မတ် ၁၀ ရက်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ကြည့်ရှုစစ်ဆေးသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရေလှောင် တမံဆိုင်ရာ အချက်အလက်များနှင့် ဝင်ရေထွက်ရေအခြေအနေများ၊ ပြီးခဲ့သည့် မိုးရာသီကာလတွင် ရေပိုလွှဲမှ ရေကျော်ခဲ့သည့် အခြေအနေနှင့် အကူရေပိုလွှဲ တည်ဆောက် မည့်နေရာ ရွေးချယ်ထားမှု၊ လက်ရှိစိုက်ပျိုးရေပေးဝေနေမှုနှင့် ဘဏ္ဍာနှစ်အလိုက် ရေသောက်စနစ် များ ဆက်လက်တည်ဆောက်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍအတွက် အဓိကအရင်းအမြစ် တစ်ခု ဖြစ်သည့် စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းပေးလျက်ရှိသော ဆည်တမံကြီး များရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ငလျင်ကြီးများအပါအဝင် မမျှော်မှန်းနိုင်သော သဘာ၀ဘေးများ ကြုံတွေ့လာ ပါက ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကြိုတင်လေ့လာ သုံးသပ်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ရန် သက်ဆိုင်ရာ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များဖြင့် ပေါင်းစပ်ပြီးစနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တမံကြီးများ၏ မူလမျှော်မှန်းဆည် ရေသောက်ဧရိယာပြည့် စိုက်ပျိုးရေ ပေးဝေနိုင်ရေးအတွက် လိုအပ်သောရေသောက်စနစ် တည်ဆောက်မှုများကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေအပေါ် အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော် ကြိုးပမ်းကြရန် မှာကြားသည်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူးချောင်းရေလှောင်တမံသည် တမံအလျား ပေ ၁၀၂၀၊ တမံ အမြင့် ၂၄၅ ပေရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ဧက ၆၃၂၅၃၀ ရှိ၍ ရေအားလျှပ်စစ် ၂၀ မဂ္ဂါဝပ် နှစ်လုံး လည်ပတ်ပေးခြင်းနှင့်အတူ ဒေသစိုက်ပျိုး ရေရရှိရေး အကျိုးပြုလျက်ရှိသည်။

ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ မှ စတင်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိ ၁၈ ဒသမ ၆၂ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ဧက ၄၈၀၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပါက စိုက်ပျိုးမြေဧက ၉၀၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

သတင်းစဉ်

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •